Beta-18

4.7K 457 12
                                    

[Zawgyi]

Wolf အသွင် ပြောင်းချိန်မှာ ကွဲထွက်ကုန် တဲ့ အဝတ်အစားတွေ ကြောင့် လူ ပုံ ပြန်ပြောင်းချိန် ခန္ဓာကိုယ် မှာ အဝတ်မရှိကြတော့ပေ ။ ဘေးနား က ပြန့်ကျဲနေတဲ့ အဝတ်အပိုင်းအစ တွေ ကို ယူကာ မှင်စာလေး ကိုယ် အောက်ပိုင်း ကို အုပ်ပေးကာ ဝိုင်းကြည့်နေတဲ့ သူ တွေ ကို ဂျွန်ဂျောင်ကု ဟိန်းဟောက်ထုတ်ပစ် လိုက်တယ် ။ ဒဏ်ရာ ရသွားတဲ့ ယူဆွန်းဟို ကတော့ လူ ပုံ ပြန် မပြောင်းသေးပေ ။ မှင်စာလေး ကို အရင် ပွေ့သွားပြီး ဂျွန်ဂျောင်ကု ကား ရဲ့ Lover Seat မှာ တင်ထားပေးပြီး ကားထဲ က Coat အင်္ကျီ ယူကာ သူ့အောက်ပိုင်း ကို အဆင်ပြေသလို ပတ်လိုက်တယ် ။ ပြီးတော့ ဒဏ်ရာရနေတဲ့ Beta Wolf ပေါ်ကို ဂျွန်ဂျောင်ကု အပို ဆောင်ထားလေ့ ရှိတဲ့ Shirt နဲ့  Style Pant ကို ပစ်တင်လိုက်တယ် ။ စေတနာ မရှိပေမယ့် အမျိုးတော် သေးတာ မို့ လူပုံ ပြန်ပြောင်းရင် ဝတ်ဖို့ ထားခဲ့ပေးလိုက်တယ် ။

ဂျွန်ဂျောင်ကု ကြောင့်ရတဲ့ ဒဏ်ရာတွေ က အတွင်း ဒဏ်ရာ မဟုတ်တာမို့ နောက် တစ်နာရီလောက်ဆို ယူဆွန်းဟို လူပုံ ပြန်ပြောင်းသွားလိမ့်မယ် ။ ဂျွန်ဂျောင်ကု ကားထဲ ပြန်ဝင်ပြီး မောင်းထွက်လာတဲ့အထိ မှင်စာလေး က ပြူးတူးပြဲတဲ လိုက်ကြည့်နေကာ စကားတစ်လုံး မှ မပြောပေ ။ ရှက်လည်းရှက် ကြောက်လည်းကြောက်နေ ပုံ ရတဲ့ မှင်စာလေး ကို ဂျွန်ဂျောင်ကု လည်း ဘယ်က ဘယ်လို စပြောရမှန်း မသိတာမို့ Condo ကို ပဲ မောင်းလာလိုက်တော့တယ် ။ Basement 2 ထိ ‌ကားကို မောင်းဝင်ပြီး Parking ထိုးလိုက်တယ် ။ တစ်ကိုယ်လုံး  အောက်ပိုင်း မှာသာ Coat အင်္ကျီ ကို အဆင်ပြေသလို ပတ်ထားတဲ့ ဂျွန်ဂျောင်ကု ပုံစံ က ကားထဲက ထွက်ဖို့ အဆင်မပြေသလို မှင်စာလေး က အခြေအနေပိုဆိုးနေတယ် ။ ဂျွန်ဂျောင်ကု ကား ထဲက အရင်ထွက်ဖို့ပြင်တော့ မှင်စာလေး က လက် ကို လှမ်းဆွဲပြီး ငိုမဲ့မဲ့ ပြောတယ် ။

"အဟင့် ဘယ်သွားမလို့လဲ"

"ခဏလေး ကားထဲ နေခဲ့ နော် ကိုယ် တစ်ယောက်တည်း အရင် သွားလိုက်မယ် မှင်စာလေး ဝတ်ဖို့ အဝတ်အစား ယူလာပေးမယ် "

"မြန်မြန် ပြန်လာခဲ့ပါနော် အဟင့်"

"၁၀ မိနစ် ပဲ စောင့် ok"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now