Beta-27

4K 384 5
                                    

[Zawgyi]

"အချစ်ကလေး ရယ် စိတ်မကောင်း မဖြစ်ပါနဲ့တော့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ရမှာပေါ့"

"အီးးးးဟီးးးး သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် တာ ကို ဘာမှ မပြောပါဘူး အီးးးး အခုကျတော့ ကျနော့် ကို ပလစ်သွားတာ အစ်ကို ၁ က အီးးးဟီးးး"

"အစ်ကို ဆော့ဂျင် က လည်း အကြောင်းရှိလို့ နေမှာပါ အချစ်ကလေး ရယ် mate နဲ့ ဘဝတစ်ခု တည်ဆောက်သင့်တဲ့ အရွယ် ကို လွန်တောင်နေပါပြီ"

"အီးးးး ဟီးးးဟီးးးးအဲ့ဒါတွေ အားလုံး ကိုကို့ ကြောင့်ပဲ ကျနော့် ကို အီးးးးကိုကို လာမကြိုလို့ ဖြစ်တာ အီးးးဟီးးးဟီးးး ကိုကိုသာ လာကြိုရင် အခုလိုတွေ ဖြစ်မလာဘူး"

"ဟုတ်တာပေါ့ ကိုကို့ အမှားပါ တိတ်တော့နော် မတိတ်ရင် တိတ်အောင်လုပ်မှာနော်"

"အီးးးးးးဟီးးးးးးးးဟီးးးးးးး ကျနော့် ဘဝ က ဆိုးလိုက်တာ အစ်ကို တွေကလည်း ထားသွားတယ် အီးးးးဟီးးး mate ကလည်း မကြင်နာဘူး"

ကင်မ်ဆော့ဂျင် ယောက်ျားရသွားတဲ့ ကိစ္စ က ဂျွန်ဂျောင်ကု အပြစ် ဖြစ်သွားတယ် ။ ကင်မ်ထယ်ယောင်း ရဲ့ အစ်ကို တွေ အပေါ်  ခင်တွယ်တာ နဲ့ တွန့်တို့တာ က ဩချစရာပါ ။ ကင်မ်ဆော့ဂျင်ကလည်း ‌ခိုး‌ပြေးပြီး ၂ ရက်အကြာမှာ မိဘတွေကို ဖုန်းဆက် အသိပေးပြီး Honeymoon တခါတည်း ဆက်ထွက်သွားတယ် ။ ကင်မ်ထယ်ယောင်း က သူ့ကို ဖုန်းမဆက်ရကောင်းလား ဆိုပြီး စိတ်တွေတိုကာ ဝမ်းနည်းနေတာ တစ်ပတ် ရှိပြီ ။ နေ့တိုင်း ကျောင်းပြန်ချိန် ဆို ဂျွန်ဂျောင်ကု ကို ကားပေါ်မှာ Beta Tone နဲ့ နှိပ်စက်တယ် ။ ချော့မရ ခြောက်မရ အာဗြဲကြီး နဲ့  ‌ငိုနေတတ်ပြီး ပေါက်တိပေါက်ရှာလည်း ပြောတတ်သေးတယ် ။ မျက်ရည်မထွက်လည်း အာဗြဲကြီး နဲ့ အော်ငိုတတ်သေးတယ် ။
တမင်သက်သက် ဂျီတိုက်နေမှန်း သိပေမယ့် ကင်မ်ထယ်ယောင်း ငိုနေတာမြင်တိုင်း ဂျွန်ဂျောင်ကု က ရင်နာရတယ် ။
အခုလည်း ငိုနေတဲ့ ကင်မ်ထယ်ယောင်း ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ကျောကို ပွတ်သပ်ပေးကာ ပြောတယ် ။

"အချစ်ကလေး ကို ကိုကို က မကြင်နာဘဲ နေပါ့မလား ဘယ်လောက်တောင် ချစ်ရတဲ့ Beta လေး လဲ အဖိုးတန်တဲ့ Beta လေး လဲ ကိုကို ချစ်တာ ကို သိနေရဲ့သား နဲ့"

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now