Beta-24

4.5K 434 6
                                    

[Zawgyi]

ပတ်ခ်ဂျီမင်း မနက် စောစောလာပြီး မင်ယွန်းဂီ အတန်းအရှေ့ကနေ ကွက်ကြည့် ကွက်ကြည့် လုပ်နေတယ် ။ မင်ယွန်းဂီ စားပွဲခုံအောက်မှာ ထည့်ထားတဲ့ စာလေး ကို မတွေ့မှာ စိုးရိမ်တယ် ။ ဖတ် မဖတ် လည်း သိချင်သေးတယ် ။ ပတ်ခ်ဂျီမင်း ကြည့်နေတုန်း မင်ယွန်းဂီ က ခုံအောက် က စာ ကို တွေ့သွားဟန်တူတယ် ။ ခုံပေါ်တင်ပြီး ကြည့်နေတယ် ပြီးတော့ အကြည့် က ဒိုင်းကနဲ ပတ်ခ်ဂျီမင်း ဆီ ရောက်လာတယ် ။ ပတ်ခ်ဂျီမင်း ရင်တွေ ဘာတွေ တုန်သွားပြီး တချိုးတည်း ကိုယ့်အတန်း ကိုယ် ပြန်လာလိုက်တယ် ။ တကယ်ပါပဲ Alpha ရဲ့ အကြည့်တွေက အေးစိမ့်နေတာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ နေ့လည်တော့ Alpha ဆီက အဖြေတောင်းရမှာပဲ ။ ပတ်ခ်ဂျီမင်း မနက်တိုင်း စာတွေရေးပြီးပို့တာ 56 စောင် ရှိနေပြီ ။ ဘာမှ ထူးမလာတာတော့ မဟုတ်သေးဘူးလေ ။ အနည်းဆုံးတော့ မကြိုက်ရင်လည်း ငါ့ကို စာတွေ မပို့နဲ့တော့ တို့ အနောက်က မလိုက်နဲ့တော့ တို့ ပြောရမှာပေါ့ ။

"ဒါက ဘယ်လိုဖြစ်လာတာလဲ ဂျီမင်း မျက်နှာကလည်း ရည်းစား လင်နောက်လိုက်သွားတဲ့ရုပ်နဲ့"

"ဖွ ဖွ ဖွ လွဲပါစေ ဖယ်ပါစေ မဦးမချွတ် မပြောစမ်းနဲ့ ငါ့မှာ ချစ်သူ တောင် ရသေးတာ မဟုတ်ဘူး"

"မင်း လျှောက်နေတာ က မရောက်သေးဘူးလား"

"ရောက် မရောက် မသိလို့ပေါ့ကွာ ဪ ထယ်ယောင်း နေ့လည်ကျ ငါ နဲ့ အဖော်လိုက်ခဲ့ပေးပါလား"

"ဘယ်ကိုလဲ စီနီယာ မင်ယွန်းဂီ ဆီ လို့တော့ မပြောနဲ့နော် ဂျီမင်း"

"ပြောရမှာပဲ မင်း လိုက်ပေးရမယ် ငါ အရေးကြီးတာ လုပ်စရာရှိလို့"

"ပြဿနာ ရှာဖို့တော့ မဟုတ်ဘူးမလား"

"ရှာစရာလား အဖြေတောင်းမလို့"

"ဟင် အခြေအနေ က အဲ့လောက်တောင် ရောက်နေပြီလား"

ကင်မ်ထယ်ယောင်း မေးတာ ကို မကြားချင်ယောင် ဆောင်နေလိုက်တယ် ။ ပတ်ခ်ဂျီမင်း မှ ‌မဖြေချင်တာကိုး ။

"အဟမ်း ဟမ်း စီနီယာ မင်ယွန်းဂီ "

"ပြော"

ပတ်ခ်ဂျီမင်း က မင်ယွန်းဂီ ရှေ့ကနေ ပိတ်ရပ်ပြီး စကားအစပျိုးတယ် ။ ပြော ဆိုတဲ့ အသံပြတ်ပြတ်ကြောင့် ဘာပြောရမှန်း မသိတော့ဘူး။ ဒါပေမဲ့ ‌ခဏပြန်စဉ်းစားပြီး  အားတင်းကာ ပြောတယ် ။

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now