Beta-15

4.4K 459 9
                                    

[Zawgyi]

အမှတ်စာရင်း ထွက်လာတော့ အမှတ်ကောင်းကြတဲ့ ကင်မ်ထယ်ယောင်း နဲ့ ပတ်ခ်ဂျီမင်း က နည်းပညာတက္ကသိုလ် တက်ချင်ကြတယ် ။ ပုံမှန်ဆို Business Management ယူခိုင်းမှာ ဖြစ်ပေမဲ့ Beta တွေ ဆိုတော့ မိဘ တွေ က အတင်းဖိအားမပေးကြဘူး ။ ကင်မ်ထယ်ယောင်း မှာဆို Alpha အစ်ကို ၂ ယောက် တောင် ရှိပြီး ပတ်ခ်ဂျီမင်း မှာကျ Alpha အစ်ကို တစ်ယောက် နဲ့ Omega အစ်ကို တစ်ယောက် ရှိတယ် ။ ပတ်ခ်ဂျီမင်း တို့ထဲမှာ Male Omega က အစ်ကို အကြီးဆုံး ဖြစ်ပေမဲ့ Alpha အစ်ကို ကပဲ လုပ်ငန်းတွေ အားလုံး တာဝန်ယူလုပ်ကိုင်နေတယ် ။

ကိုယ်တက်ချင်တဲ့ တက္ကသိုလ် ကို တက်ခွင့်ရတော့မှာမို့ အရမ်း စိတ်ချမ်းသာနေတဲ့ ကင်မ်ထယ်ယောင်း က ညနေဘက် တစ်ယောက်တည်း ကား လျှောက်မောင်းနေတယ် ။ ချစ်သူ ရှိပေမဲ့ ကင်မ်ထယ်ယောင်း က နေရာတကာ ချစ်သူ နဲ့ သွားလေ့မရှိပါ ။ ပထမဆုံး Date ပြီးကတည်းက ယူဆွန်းဟို နဲ့ တွေ့တဲ့ အချိန် သပ်သပ် ပတ်ခ်ဂျီမင်း နဲ့ ဆုံတဲ့ အချိန် ကို သပ်သပ် ခွဲထားလိုက်တော့တယ် ။ တခါတလေကျလည်း တစ်ယောက်တည်း Centenario လေး နဲ့ လျှောက်လိမ့်ချင် လိမ့်တယ် ။ မြို့ပြင်ဘက် ကို ရောက်လာတော့ ကား ကို လမ်းဘေး ခဏ ချရပ်ပြီး ကားအမိုးဖွင့်ကာ မြို့ပြနံ့ကင်းတဲ့ သဘာဝလေ ကို ရှူရှိုက်ရင်း မျက်လုံး မှိတ်ကာ ပါးပြင်ကို လာထိနေတဲ့ လေအေးလေး ကို ခံစားနေမိတယ် ။

ရုတ်တရက် မျက်ခွံပေါ်ကို ကျရောက်လာတဲ့ လေနွေးနွေးကြောင့် ဆတ်ကနဲ ဖြစ်သွားကာ ကင်မ်ထယ်ယောင်း မျက်လုံးတွေကို ဖွင့်လိုက်မိတယ် ။ နီရဲရဲ မထူမပါးနှုတ်ခမ်း တစ်စုံ နဲ့ နှုတ်ခမ်းအောက် က မှဲ့နက်လေး ကို တွေ့ရတယ် ။ နှုတ်ခမ်း က စုလုံးသွားပြီး ကင်မ်ထယ်ယောင်း မျက်လုံးတွေ ကို လေ နဲ့ မှုတ်နေတာမို့ မျက်လုံးတွေ ကို ပြန်ပိတ်လိုက်ရတယ် ။

"အဟား ဟား နိုးပြီလား နိုးရင် ထတော့"

ကင်မ်ထယ်ယောင်း အသံကြားလိုက်တာ နဲ့ ဘယ်သူ ဆိုတာ ကို တန်းမှတ်မိတယ် ။ ဒါပေမဲ့ ဦးပွကြီး ရဲ့ နှုတ်ခမ်းအောက် မှာ မှဲ့လေး ရှိတာတော့ ခုမှ သိတယ် ။ ကင်မ်ထယ်ယောင်း မျက်လုံးတွေ ပြန်ဖွင့်လိုက်တော့ Centenario ရဲ့ ဘယ်ဘက် မှာ လက်ပိုက်ပြီး ခပ်မိုက်မိုက်ရပ်ကာ ကင်မ်ထယ်ယောင်း ကို ခပ်ပြုံးပြုံး ကြည့်နေတဲ့ ဦးပွကြီး ။

I'm BETA 🌜CoMpLeTeD🌛Where stories live. Discover now