Beta-22

4.5K 460 20
                                    

[Zawgyi]

အချိန် တစ်လတောင် ကြာသွားပြီ ။ ယူဆွန်းဟို က အခုချိန်ထိ ကင်မ်ထယ်‌ယောင်း ကို လာ လာ ငေးကြည့်နေတုန်းပဲ ။ တစ်လအတွင်း ပိန်ကျသွားတဲ့ မျက်နှာ ကို မြင်ရတာ ကင်မ်ထယ်ယောင်း တကယ် စိတ်မကောင်းဘူး ။ ဒါကြောင့် ကင်မ်ထယ်ယောင်း ယူဆွန်းဟို ဆီကို လျှောက်သွားတယ် ။ လှည့်ထွက်ဖို့ပြင်နေတဲ့ ယူဆွန်းဟို ကို လှမ်းအော်လိုက်တယ် ။

"ကျနော်တို့ စကား ခဏ ပြောရအောင် ဆွန်းဟို"

ယူဆွန်းဟို ခြေထောက်တွေက ကင်မ်ထယ်ယောင်း အသံ ဆုံးတာနဲ့ ချက်ချင်းရပ်သွားတယ် ။ လှမ်းလာနေတဲ့ ကင်မ်ထယ်ယောင်း ကို ခပ်ဆွေးဆွေး ကြည့်နေမိတယ် ။ နောက်တခါ ဘယ်တော့မှ ထပ်မမြင်ရမယ့် သူတွေ လို ပေါ့ ။ ယူဆွန်းဟို တစုံတခု ကို ခံစားမိနေတယ် ။

"အရမ်း ပိန်သွားတယ် ဆွန်းဟို"

"အော ဟုတ်မယ်"

"ဆွန်းဟို သိလား ဆွန်းဟို ကို ခုလိုမြင်နေရတာ ကျနော် စိတ်ထဲ မကောင်းဘူး ဆိုတာ"

"မငိုပါနဲ့ Beta လေး ကျနော် တောင်းပန်ပါတယ်"

"ဆွန်းဟို က ဘာလို့ ခုလို နေနေရတာလဲ အရာအားလုံးအတွက် ကျနော် တောင်းပန်ပါတယ် အင့် ဟင့် ကျေးဇူးပြုပြီးတော့ အမေရိက ကို ပြန်ပါ ကျောင်းပြန်တက်ပြီး ပျော်ပျော်ရွှင်ရွှင်နေပါ"

"အော ကျနော် က Beta လေး ရှိတဲ့ မြေ မှာပဲ နေချင်ခဲ့တာ ဒါပေမဲ့လည်း Beta လေး ဖြစ်စေချင်ရင် ဖြစ်ရမှာပေါ့ မငိုပါနဲ့တော့ ရင်ဘတ်ထဲက နာတယ် မျက်ရည် လည်း သုတ်ပေးခွင့်မရှိတော့ဘူးမို့ "

"အင်း ကျနော် မငိုပါဘူး ဒီတိုင်း မျက်ရည် က ကျလာတာ ဆွန်းဟို လည်း ကောင်းကောင်းမွန်မွန် နေပေးမယ်မလား ဟင်"

"နေပေးရမှာပေါ့ တခါလောက် ဖက်လို့ရမလား Beta လေး"

"အင်း ဆွန်းဟို အရက်တွေ မသောက်ပါနဲ့တော့နော်"

"ဟုတ်ကဲ့ပါ"

ကင်မ်ထယ်ယောင်း ကို ခပ်ဖွဖွ ပွေ့ဖက်ပြီး မျက်လုံးမှိတ်ထားလိုက်တယ် ။ ယူဆွန်းဟို ဒီအငွေ့အသက်ကလေး ကိုတော့ အမေရိက ထိ သယ်ဆောင်သွားချင်တယ် ။ ပြန်ဖက်တွယ်လာပြီး ကျောကို နှစ်သိမ့်သလို ပုတ် ပေးတဲ့ လက်တွေ ကြောင့် ပြုံးမိသွားတယ် ။ ယူဆွန်းဟို ရဲ့ အသည်းကွဲတဲ့ဝေဒနာ က ဘယ်လိုမှ ပြန်မကောင်းလာတော့တာ ကင်မ်ထယ်ယောင်း မသိပါဘူး ။ ယူဆွန်းဟို ရဲ့ အချစ်တွေ ကို အတိတ်ကာလတွေထဲ မှာပဲ ချန်ထားရစ်လိုက်ပြီ ။ အတိတ်ကာလ မှာ တော့ ကင်မ်ထယ်ယောင်း ဟာ ယူဆွန်းဟို ရဲ့ Beta လေး ဖြစ်ဖူးခဲ့တာပဲ ။ ဒီလောက်နဲ့ပဲ ဖြေသိမ့်နိုင်ရမှာပေါ့ ။ အသက် ကို ခပ်ပြင်းပြင်း ရှူပြီး ဖက်ထားတာ ကို ပြန်ခွာလိုက်တယ် ။

I'm BETA 🌜CoMpLeTeD🌛حيث تعيش القصص. اكتشف الآن