Beta-9

4.2K 457 13
                                    

[Zawgyi]

အစ်ကို ၂ ပြန်ရောက်လာမှာမို့ ဒီနေ့ ကင်မ်ထယ်ယောင်း စိတ်တွေ ပုံမှန်ထက် ကြည်လင်နေတယ် ။ ကင်မ်ထယ်ယောင်း မှာလိုက်တဲ့ ပစ္စည်းလေးတွေရော လက်ဆောင်တွေရော ပါလာမှာကိုး ။ အစ်ကို ၁ မောင်းတဲ့ EVO  ကို စီးပြီး ကျောင်းရှေ့ကို ရောက်လာတယ် ။ ကင်မ်ထယ်ယောင်း ဆင်းပြီးတာ နဲ့  ချက်ချင်း ကား ကို ပြန်မောင်းထွက်သွားတဲ့ အစ်ကို ၁ ။ ထုံးစံအတိုင်း အစ်ကို ၂ မရှိတဲ့အချိန် အလုပ်တွေ သေချာ မလုပ်ဘဲ အခု ပြန်လာမယ်ဆိုမှ ကုန်းရုန်းပြီး အလုပ်တွေ လုပ်တော့မှာပေါ့ ။ စိတ်လက်ကြည်ကြည်သာသာ နဲ့ ကင်မ်ထယ်ယောင်း ကျောင်းထဲကို စတိုင်လ်ကျကျ လျှောက်လာတယ် ။ Beta ဆိုပေမဲ့ ရုပ်ရည်ချောမောမှု နဲ့တင် ကင်မ်ထယ်ယောင်း ကို ကြွေနေတဲ့သူတွေ အများကြီးပဲလေ ။ အဲ့အထဲမှာ ကင်မ်ထယ်ယောင်း ရဲ့ အခုမပေါင်းတော့တဲ့ ငယ်သူငယ်ချင်း Alpha ကောင် တွေ တောင် ပါသေးတယ် ။ ဒါပေမဲ့ ကင်မ်ထယ်ယောင်း က ဘဝင်မြင့်နေတဲ့ Alpha ကောင်တွေ ကို တကယ် သဘောမကျဖူးရယ် ။

"ထယ်ယောင်း မှန်းစမ်း မင်း ဒီနေ့ ဘာ ဆေး စားလာတာလဲ"

"ဘာ ဆေး စားရမှာလဲ ငါ က"

"မျက်နှာက အရမ်းတွေ ကြည်လင်နေလို့လေ မသိရင် မင်း ကြိုက်တဲ့ သူ ဆီက အဖြေ ပြန်ရတဲ့ မျက်နှာထားမျိုး နဲ့"

"ပေါက်ပေါက်ရှာရှာ ဒီနေ့ အစ်ကို ၂ ပြန်ရောက်မှာလေ ငါ့အတွက် လက်ဆောင်တွေ ပါလာမှာ"

"ဪ ဪ ဟုတ်လို့လား အရင်ကလည်း ပြန်လာနေကျ ကို မင်း မျက်နှာ က အခုလို မဟုတ်ပါဘူးကွာ"

"မင်း ပဲ လျှောက်တွေးနေလိုက် ဂျီမင်း ရေ မြန်မြန်လျှောက် အတန်းချိန်နောက်ကျဦးမယ် "

"အရင်ကကျ မနောက်ကျဖူးတာ ကျလို့ ကင်မ်ထယ်ယောင်း က တခုခု တော့ တခုခုပဲ"

"အေး အဲ့မှာ ဆက်တွေးနေလိုက်တော့ ငါတော့ ပြေးပြီ"

ပြောပြီးတာ နဲ့ ကင်မ်ထယ်ယောင်း က အရှေ့ကနေ ပြေးသွားတယ် ။ ပတ်ခ်ဂျီမင်း ကတော့ ချွေးထွက်ခံပြီး မပြေးပါဘူး ။ အခန်း က ထွက်ပြေးသွားမှာမှ မဟုတ်တာ အချိန်တန်ရင် ရောက်မှာပဲလေ ။ ပတ်ခ်ဂျီမင်း လမ်း ကို အေးဆေး လျှောက်ပြီး ပြေးလို့ လှုပ်ခါသွားတဲ့ ကင်မ်ထယ်ယောင်း ရဲ့ အနောက်ကို ကြည့်ပြီး တွေးမိတယ် ။ ဘာလို့များ ကင်မ်ထယ်ယောင်း က Omega မဖြစ်ရတာလဲ ။ဒါပေမဲ့လည်း ကင်မ်ထယ်ယောင်း သာ Omega ဖြစ်ရင်.....ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ။ ဘယ်လိုမှ စဉ်းစားကြည့်လို့မရဘူး ကြက်သီးတွေတောင်ထတယ် ။
ပတ်ခ်ဂျီမင်း ရဲ့ ရည်မှန်းချက် က တက္ကသိုလ်ရောက်ရင် Mate ရှာတွေ့ဖို့ပဲ ။ ဒါပေမဲ့ အဲ့အချိန်ရောက်ရင်ရော Mate က ပေါ်လာပါ့မလား ။ စိတ်ပူပန်စရာတွေ တကယ် မတွေးချင်ဘူး ရယ် ။

I'm BETA 🌜CoMpLeTeD🌛Donde viven las historias. Descúbrelo ahora