Part1

2.5K 183 5
                                    


"ဆောင်းဟွန်း ! ပတ်ဆောင်းဟွန်း "

ဟန်းဂုတက္ကသိုလ်ကျောင်းဝန်းထဲသို့ ဘားတန်းစက်ဘီးအနက်ရောင်ကလေးအား ခပ်ဖြေးဖြေးတွန်းရင်းဝင်လာသည့်
ဆောင်းဟွန်းကိုခပ်လှမ်းလှမ်းမှမြင်သည်နှင့် ဂယောင်မင်းကလက်ကိုမြင့်မြင့်မြှောက်ကာဝေ့ယမ်းပြရင်း
အမည်နာမကိုခပ်ကျယ်ကျယ်လှမ်းအော်လာလေသည်မို့
ဆောင်းဟွန်းကပါးချိုင့်ရေးရေးလေးတွေပင်ပေါ်သည်အထိ
နှုတ်ခမ်းပါးတို့ကိုလှစ်ဟပြရင်းလက်တစ်ဖက်အား
ခပ်မြင့်မြင့်ပြန်လည်ကာမြှောက်ပြလိုက်သည်။

ပုံမှန်အတိုင်းလျှောက်လှမ်းနေသည့်ဆောင်းဟွန်း၏ခြေလှမ်းများကိုပင်အလျင်လိုနေဟန်ပေါ်သော ဂယောင်မင်းက
စိတ်မရှည်တော့ပဲ ဆောင်းဟွန်းရှိရာနားသို့ခပ်သွက်သွက်ပြေးလာကာဆွဲခေါ်တော့သည်။

"ပတ်ဆောင်းဟွန်း ! ဒီနေ့စာတမ်းဖတ်ပွဲရှိတယ်ကွ ၊
မင်းလာတဲ့အချိန်လေးဘာလေးပြန်ကြည့်ပါဦး ။
သိပ်စောလွန်းနေသေးတယ်လို့များထင်နေလို့
စိတ်အေးလက်အေးလျှောက်နေတာလားကွာ တကယ်ပါပဲ"

အရောင်ပင်လွှင့်ပြယ်ချင်နေသော လက်ပတ်နာရီ
ဒိုင်ခွက်လေးဆီသို့ ဆောင်းဟွန်းကခေတ္တမျှအကြည့်ပို့လိုက်ပြီးနဖူးပေါ်ဝဲကျနေသော ဆံနွယ်စလေးများပင်ဝဲလို့သွားသည်ထိခပ်ဖြေးဖြေးခေါင်းကိုခါရမ်းမိရင်း ရယ်မိပြန်သည်။

"ဂယောင်မင်း မင်းအပိုတွေလာလုပ်မနေနဲ့ !
စာတမ်းဖတ်ပွဲက နာရီဝက်တောင်လိုသေးတယ် "

"....."

"မင်းရဲ့လမ်းကြောင်းတွေကို စာတမ်းဖတ်ပွဲနဲ့ရောမချနဲ့ ၊
ငါမသိရင်ခက်မယ် "

ဟောခန်းရှိရာဆီကိုသွားဖို့ဖြတ်ရမယ့် အဆောင်2က
ကျောင်းသူလေးကို ပိုးပန်းချင်လို့စောနိုင်သမျှစောစောသွားချင်လို့လမ်းကြောင်းရှာနေသည့်စောဂယောင်မင်း၏အကြံကို
ဆောင်းဟွန်းကရိပ်မိသွားပြန်ပြီမို့ဇက်ကလေးပုကာငြိမ်ကုပ်သွားသည်။

"အဲ့ဒါကလဲအဲ့ဒါပေါ့ကွာမင်းကလဲ ...
စောစောရောက်တော့လဲကောင်းတာပေါ့ "

စက်ဘီးထောက်ကိုသေချာထောက်ကာသော့ခတ်ရင်း
ဆောင်းဟွန်းက သော့ပြန်ပွင့်နိုင်မပွင့်နိုင်သေချာစွာ
စီစစ်ပြီးမှသာဘေးလွယ်အိတ်လေး၏ဇစ်အတွင်းသို့
ထိုးထည့်လိုက်သည်။

" မောင့်ရဲ့ပန်းနီနီ " (𝐒𝐮𝐧𝐒𝐮𝐧)✅Where stories live. Discover now