Part9

662 89 3
                                    

ညနက်၏ကောင်းကင်ယံသည် ကြယ်ရောင်များကင်းမဲ့စွာဖြင့် နက်စွေးနေသည့်မဟူရာအသွင်ကိုဆောင်ကျဉ်းလေသည်။

ညနက်ချိန်၏ပုရစ်အော်သံများမှာလည်း အနီးပတ်ဝန်းကျင်တွင်ခပ်ကျယ်ကျယ်ဆူညံလျက်ရှိပြီး မိုးရနံ့တို့မှာလေပြေများနှင့်အတူ ရောယှက်ကာတိုးဝှေ့လို့လာပြန်သည်။

အပြင်ထွက်ခွင့်ပိတ်တော့မည့်အချိန်ကိုပင် တရွေ့ရွေ့ဖြင့်နီးကပ်လာနေသည့်တိုင် အိမ်သို့ပြန်ရောက်မလာသေးသည့်
ဆောင်းဟွန်းကြောင့် စိုးရိမ်တကြီးဖြင့်ခြံဝန်းလေးထဲမှ
ကွပ်ပျစ်လေးပေါ်တွင်ထိုင်စောင့်နေသည့် ကောင်လေး၏
အတွေးများတွင် စိုးရိမ်ပူပန်မူများကသာတရိပ်ရိပ်ဖြင့်
တိုးလာတော့သည်။

နက်စွေးနေသည့်ကောင်းကင်ယံထက်မှ လက်ခနဲလင်းသွားသည့်လျှပ်စီးလှိုင်းနှင့်အတူ မိုးခြိမ်းသံအချို့ကပါကပ်လာသည့်အခါ ညလေအေးသည်တရိပ်ရိပ်ဖြင့်စိမ့်ကာအေးစက်လာသည်။

မျက်ရည်စများပင် ပြည့်ဝဲချင်လာသယောင် ထင်မှတ်ရသည့်
မျက်ဝန်းအိမ်လေးများ၏ပိုင်ရှင်မှာ ပူပန်စိတ်ကသာကြီးစိုးနေသည်ကြောင့် အနွေးထည်အပါးလေးနှင့်အတူခြံဝန်းထဲထိုင်နေမိတုန်းပင်။

ပုံမှန်နေ့ရက်များတွင် ညနေခင်းအချိန်တိုင်းအမြဲပြန်ရောက်လာတတ်သည့်သူမို့ ထူးထူးဆန်းဆန်းနောက်ကျနေခြင်းကို ဆောလ်နူစိတ်မအေးနိုင်တော့ပေ။

လမ်းမှာတစ်စုံတစ်ခုဖြစ်နေရင် ဘယ်လိုလုပ်ရမလဲဆိုသည့် အတွေးများဝင်ရောက်လာသည့် တခဏတွင် ခြေလှမ်းများမှာ အိမ်တံခါးဝဆီသို့ခပ်သွက်သွက်ပြေးကာဝင်လာမိသည်။

ဧည့်ခန်းနံရံပေါ်တွင်ချိတ်ထားသည့် ခေါက်ထီးအနက်ရောင်လေးအား လက်လှမ်းမိလိုက်သည့်အချိန်တွင်
ခြံဝန်းဘက်ဆီမှအချိန်ကိုက်ပျံ့လွင့်လာသည့် သံဗန်းတံခါးဖွင့်သံကြောင့် ဆောလ်နူ၏လှုပ်ရှားနေသည့်လက်ကလေးများမှာ
စက္ကန့်အနည်းငယ်မျှရပ်တန့်လို့သွားသည်။

"ဆောလ်နူ...မောင်ပြန်လာပြီ "

ဆောလ်နူ၏အာရုံတစ်ခုလုံးသည် ဆောင်းဟွန်း၏အသံပျံ့လွင့်လာရာဆီသို့သာ အာရုံစိုက်နေမိပြီး တိုးဝှေ့လာသောလေပြေများသည် ကိုယ်သင်းရနံ့ကိုပါသယ်ဆောင်လာသည့်အခါ
ဆောလ်နူ၏ထိန်းချုပ်ထားသည့် မျက်ဝန်းအိမ်ထဲမှ မျက်ရည်စလေးများမှာ မျက်ခမ်းစပ်များအားကျော်လွန်ကာ
ပါးပြင်တစ်လျှောက်ဆီသို့ ခပ်မြန်မြန်စိုစွတ်သွားတော့သည်။

" မောင့်ရဲ့ပန်းနီနီ " (𝐒𝐮𝐧𝐒𝐮𝐧)✅Where stories live. Discover now