Part 8

655 93 7
                                    

တိတ်ဆိတ်နေသောဘုရားကျောင်းဝင်းအတွင်းရှိ အနီးပတ်ဝန်းကျင်တဝိုက်လေထုအတွင်းတွင်ပျံ့လွင့်နေသည့် ဆည်းလည်းသံအချို့ကသာအသက်ဝင်လို့နေပြီး ခပ်ရိပ်ရိပ်လေညင်းများကအုပ်ဆိုင်းနေသည့် ပင်တန်းကြီးများ၏စိမ်းဖန့်ရောင်ရွက်စိမ်းနုများကိုတိုက်ခတ်ကာ ခပ်ဝေးဝေးသို့လွင့်ပျံသွားကြလေသည်။

အမှတ်မထင်တွေ့ဆုံခဲ့သည့်နေ့တရက်မှစတင်ပြီး နှလုံးအိမ်ထဲသို့တိုင် စီးဝင်စေခဲ့သည့်ချစ်ခြင်းမေတ္တာများသည်
ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းလောက်သည်အထိ ဆောင်းဟွန်းနှင့်ဆောလ်နူ၏ဘဝထဲသို့ နွေဦးလေပြေလေးများနည်းတူ ချိုမြိန်စွာရစ်ဝဲစေခဲ့ပြန်သည်။

အပ်နှင်းကာတိုင်တည်ခဲ့ကြသည့် ကတိသစ္စာစကားများနှင့်အတူ ချစ်ရသူ၏လက်ဖဝါးပြင်တစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင်၍
အတူယှဉ်တွဲကာလျှောက်လှမ်းခဲ့ရသည့် မင်္ဂလာလျှောက်လှမ်းသည်ကာယကံရှင်ကောင်လေးနှစ်ယောက်၏ ဝဲဘတ်ရင်အုံများအားခပ်သိမ့်သိမ့်လှုပ်ခါစေခဲ့ပြီး မျက်ဝန်းအိမ်များတွင်မျက်ရည်ကြည်များဖြင့်ဝေ့ဝဲစေခဲ့သည်။

ဘုရားသခင်ရှေ့ချစ်ခြင်းမေတ္တာများနှင့်အပြန်အလှန် တိုင်တည်ခဲ့သည့်ကတိသစ္စာစကားများနှင့်အတူ ထိကပ်လိုက်သောနှုတ်ခမ်းလွှာများ၏နွေးထွေးလွန်းလှသည့်အနမ်းတို့သည်
လူနည်းစု၏လက်ခုပ်သံတစ်ချို့နှင့်အတူချိုမြိန်စွာစီးမြောဖြစ်ခဲ့ကြသည်။
အဖြူရောင်အနောက်တိုင်းဝတ်စုံများအား ကိုယ်စီဝတ်ဆင်ထားသည့်ကောင်လေးနှစ်ယောက်၏ ကတိသစ္စာများသည်
ဘုရားသခင်ရှေ့ ယုံကြည်စွာတိုင်တည်ကတိပြုရင်းဖြင့်
ချစ်ခြင်းမေတ္တာများအား အပြန်လှန်အပ်နှင်းခဲ့ပြီးဖြစ်သည်။

ဘုရားကျောင်းအနောက်ဘက်ခြံဝင်းကျယ်၏အပြင်ဘက်တွင်တည်ရှိနေသည့်ခပ်လှမ်းလှမ်းမှနှင်းဆီနီပန်းခင်းကြီးသည် နီစွေးလှပစွာဖြင့်ဖူးပွင့်လျက်ရှိပြီး နီစွေးနေသည့်နှင်းဆီပန်းခင်းကြီး၏လျှောက်လှမ်းတလျောက်ပြေးလွှားနေသည့်
ဆောလ်နူ၏ ရယ်မောသံလေးများကပန်းခင်းအနီးတဝိုက်တွင် ဆည်းလည်းသံလေးများပမာပျံ့လွင့်နေလေသည်။
ပျော်ရွှင်စွာပြေးလွှားနေခဲ့သည့်ဆောလ်နူအား ချစ်ခြင်းမေတ္တာများပြည့်နှက်နေသည့် မျက်ဝန်းအိမ်များနှင့်ငေးကြည့်ရင်း
ကြည်ကြည်နူးနူးပြုံးရယ်နေခဲ့သည့်ဆောင်းဟွန်း၏ရယ်မောသံလေးများလဲ လေထုအနီးတဝိုက်သို့ခပ်တိုးတိုးပျံ့လွှင့်နေခဲ့သည်။

" မောင့်ရဲ့ပန်းနီနီ " (𝐒𝐮𝐧𝐒𝐮𝐧)✅Where stories live. Discover now