စာမေးပွဲစစ်ပြီး တက္ကသိုလ်ကျောင်းများအားလုံးရက်ရှည်
တဖြတ်ပိတ်မူကြောင့်ဆောင်းဟွန်းကအချိန်ပိုင်းအလုပ်များ
ပိုမိုလုပ်ခွင့်ရကာငွေပိုစုနိုင်ခဲ့ပြီးစက်ဘီးအနက်ကလေးကိုလဲ ကိုယ်ပိုင်ဝင်ငွေဖြင့်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်သည်။
တစ်ခါတစ်လေတက္ကသိုလ်မြေရယ် သူငယ်ချင်းတွေရယ်ကို
လွမ်းမိတာကလွဲရင်ထူးထူးခြားခြားဆောင်းဟွန်းအတွက်
တမ်းတစရာရယ်လို့မရှိပါချေ။"ဆောင်းဟွန်းရေ ! နောက်အပတ်ကြရင်လဲစောစောလာခဲ့ပါဦးကွယ် ၊အခုတလောအော်ဒါတွေတအားကျနေတော့
အဒေါ်တို့လဲမနိုင်လို့ပါ သားကိုအချိန်ပိုကြေးပေးပါ့မယ် "စက်ဘီးထောက်ကလေးဖြုတ်ကာ အညိုရောင်သစ်သား
ဆိုင်းပုတ်လေးချိတ်ထားသော ပန်းဆိုင်နားမှဆောင်းဟွန်းကထွက်ခွာရန်ပြင်ချိန်တွင် ဆိုင်ရှင်မှသတိတရဖြင့်စောစောလာခဲ့ပေးရန်အကူညီတောင်းလာသည်။"ဟုတ်အဒေါ် ကျွန်တော်စောစောလာခဲ့ပါ့မယ် "
"အေးကွယ်..သားလေး ဂရုစိုက်ပြန်နော် "
ဂရုတစိုက်ပြန်ဖို့ပြောသောဆိုင်ရှင်အား ခပ်သာသာ
ခေါင်းငြိမ့်ပြလိုက်ပြီး စက်ဘီးဘီးကလေးများအား
ဆိုင်ရှေ့မှရွေ့လျားစေလိုက်သည်။
ဆိုင်ပိုင်ရှင်အဒေါ်ကြီးမှာလဲဆောင်းဟွန်းစက်ဘီးလေးနှင့်အတူ ခပ်လှမ်းလှမ်းကိုရောက်သွားမှသာစိတ်ချလက်ချနှင့်
ဆိုင်အတွင်းသို့ပြန်ဝင်သွားလေသည်။ကြည်လင်သောရာသီဥတုအခြေအနေကြောင့်ထင်သည်
ဆိုးလ်မြို့၏ကတ္တရာလမ်းမထက်တွင် ပျားပန်းခတ်မျှလှုပ်ရှားသွားလာသူများနှင့်စည်ကားနေလေသည်။
နို့စိမ်းရောင်ခပ်မှိုင်းမှိုင်းသုတ်ခြယ်ထားသော
အဆောက်အဦးဟောင်းနားမှလမ်းသွယ်လေးထဲသို့
စက်ဘီးအားကွေ့ချလိုက်ချိန်တွင် ရုတ်တရက်မြင်ကွင်းထဲ
ပြေးဝင်လာသောသေးသေးလေးကြောင့် ဆောင်းဟွန်းက
အလျင်အမြန်ဘရိတ်ကိုအားကုန်ညစ်ကာအရှိန်သတ်လိုက်ရသည်။"အာ့ ! "
စက်ဘီးနဲ့အတူအရှိန်ဖြင့်ကတ္တရာလမ်းမပေါ်သို့
လဲကျသွားသောဆောင်းဟွန်းဆီကအသံမဟုတ်ပဲ
စက်ဘီးရှေ့ပြေးဝင်လာသောသေးသေးလေးဆီမှ
ညည်းညူသံပင်ဖြစ်သည်။
လေထုထဲမှတဆင့် နားစည်အတွင်းသို့ခပ်တိုးတိုးရိုက်ခတ်လာသော ညည်းသံလေးကြောင့်အသံလာရာဆီကို
ငဲ့ကြည့်မိသည့်အခါ ဂျင်းဦးထုပ်အဝိုင်းလေးအား
ခပ်အုပ်အုပ်ဆောင်းထားပြီးခေါင်းငုံ့ထားသောကြောင့်
ဆောင်းဟွန်းမှာတစ်ဖက်ကကလေးမျက်နှာကိုသေချာစွာ
သည်းသည်းကွဲကွဲမမြင်ရသေးပါချေ ။