Mg's Pann NiNi(Final Part)

1.1K 117 30
                                    

လေးရာသီ၏အလီလီပြောင်းလဲခြင်းများနှင့်အတူ ကောင်းကင်ထက်မှ တိမ်စိုင်တိမ်ရိပ်များသည်လည်းမိုးကုပ်စက်ဝိုင်းထက်၌ထပ်ဖန်တလဲလဲ ရွေ့လျားကာဖြတ်သန်းပြီးဖြစ်သည်။

တစ်ခါတစ်လေတော့လဲ ဆောလ်နူနှင့်အိမ်ထောင်သက်8နှစ်ကျော်ကြာအမှတ်တရတွေနှင့်ဖြတ်သန်းခဲ့ဖူးသော အိမ်ဟောင်းလေးကို ဆောင်းဟွန်းတမ်းတရင်းသတိရမိပါသေးသည်။

အိမ်ဟောင်းလေးရဲ့အနီးတဝိုက်မှာ ဆောလ်နူဂရုတစိုက်နဲ့ပျိူးထားခဲ့တဲ့နှင်းဆီခင်းလေးနဲ့ဆောလ်နူရဲ့ရယ်မောသံလေးတွေ ၊ အငွေ့သက်လေးတွေကကျန်ရစ်နေခဲ့တာမို့ စွန့်ခွာခဲ့ဖို့ကို
ဆောင်းဟွန်းရင်ထဲမှာနှမြောတသဖြစ်ခဲ့မိပေမယ့် ကျယ်ကျယ်ဝန်းဝန်းခြံလေးထဲကအိမ်လေးတလုံးမှာ ဆောလ်နူကိုထားချင်တဲ့ရည်ရွယ်ချက်ရှိသေးတာကြောင့် ဆောလ်နူရဲ့မွေးရပ်မြေဖြစ်တဲ့ဘူဆန်ဘက်ကိုပြောင်းလာခဲ့တာ နှစ်ပေါင်းများစွာပင်ကြာမြင့်ခဲ့လေပြီ။

တဖျောက်ဖျောက်ကျနေသောမိုးသံများကြောင့် ဆောင်းဟွန်းကတုန်ရီနေသောလက်နှစ်ဖက်ကိုအားပြု၍ ပြတင်းတံခါးကိုစေ့ပိတ်ရန်ပြင်လိုက်စဉ် ခြံဝန်းထဲမင်ဂီနဲ့အတူဆော့နေသေးသည့် ဆောလ်နူ၏ပုံရိပ်ကမြင်ကွင်းကဝင်ရောက်လာသည်။

"ဆောလ်နူ !! မင်ဂီကိုခေါ်ပြီးအိမ်ထဲဝင်ခဲ့တော့လေ ၊
မိုးပေါက်တွေကျနေပြီမဟုတ်လား "

"......"

"ဆောလ်နူ!! မောင်ပြောနေတာကြားလား "

"ကြားပါတယ် !! ဘယ်လိုဖြစ်လို့အော်နေမှန်းမသိဘူး "

ဖြူဖွေးနေတဲ့နှင်းလုံးလေးလိုချစ်စရာကောင်းတဲ့မင်ဂီကိုပွေ့ဖက်ရင်း အိမ်ထဲဝင်လာတဲ့ဆောလ်နူကို ကြည့်ပြီးဆောင်းဟွန်း နှုတ်ခမ်းပါးများတွန့်ကွေးရုံရယ်မောမိသည်။

ကလေးထိန်းရတာထက် အဖိုးကြီးပေါက်စနလေးတွေကိုထိန်းရတာပိုခက်ခဲကြောင်း မိုးရနံ့များရောယှက်နေသည့်လေပြေများဆီသို့သာရင်ဖွင့်ရင်းပဲ ဆောင်းဟွန်းပြတင်းတံခါးများကိုစေ့ပိတ်လိုက်တော့သည်။

မိုးရနံ့တို့အားသယ်ဆောင်လေသည့် လေအေးများ၏
တိုးဝှေ့မူကြောင့် စေ့ပိတ်ထားသည့်ပြတင်းတံခါးချပ်
တဖက်တချပ်စီမှ လှိုင်းများသဖွယ်တဖျပ်ဖျပ်ခတ်နေခဲ့သော လိုက်ကာဖြူဖြူများမှာလဲကမ်းစပ်၌တင်ကျန်ခဲ့သောခရုခွံလေးများပမာငြိမ်သက်သွားတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 27, 2022 ⏰

Add this story to your Library to get notified about new parts!

" မောင့်ရဲ့ပန်းနီနီ " (𝐒𝐮𝐧𝐒𝐮𝐧)✅Where stories live. Discover now