တက္ကသိုလ်ကျောင်းသားဘဝ၏အဆုံးသတ်နေ့ရက်များပင်
ရောက်ရှိဖို့ရန်မှာနီးကပ်လာလေပြီမို့ဆောင်းဟွန်းက
အရင်ကလိုကျောင်းကိုနေ့တိုင်းမသွားဖြစ်တော့ပဲ အိမ်မှာသာစာကိုသေချာအာရုံစိုက်နိုင်ရန်အတွက်သေချာ ကြိုးစားသည်။များပြားလှသော ကျောင်းစာများကိုသာအာရုံစိုက်နိုင်ရန်အတွက် အချိန်ပိုင်းအလုပ်တချို့ကိုလဲဆောင်းဟွန်းကနားပစ်လိုက်ရသေးသည်။ဒီလိုအခြေအနေအတွက်အရင်ကတည်းက ကြိုတင်ပြီး
စဉ်းစားခဲ့မိသည်မို့ လိုအပ်သောအသုံးစရိတ်အတွက်
အိမ်ကတောင်းစရာမလိုအောင် ဆောင်းဟွန်းကကြိုတင်ကာငွေစုထားခဲ့ပြီးဖြစ်သည်။
အလုပ်များနားလိုက်ရသည့်အချိန်တွင်ပင် လက်ထဲ၌
ငွေစအနည်းငယ်ကျန်သေးသည်မို့ မေမေနဲ့ဖေဖေအား
အပူကပ်ကာမုန့်ဖိုးတောင်းစရာမလိုခြင်းဖြစ်သည်။
ပူပင်စရာမှာဆောင်းဟွန်းအတွက်စာမေးပွဲသာရှိသည်မို့
ဖြေဆိုရမည့်ရက်များတဖြေးဖြေးနီးကပ်လာသည်နှင့်အမျှ
ဆောင်းဟွန်းကအခန်းကျဉ်းလေးထဲရှိ စာရေးစားပွဲခုံဝိုင်းလေးတွင်သာ အချိန်တော်တော်များများကို ကုန်ဆုံးတော့သည်။noteစာအုပ်များထဲမှစာများကိုအာရုံစိုက်နေရင်း
အပြင်ဘက်မှ အခန်းတံခါးခေါက်သံသဲ့သဲ့က အခန်းတွင်းရှိ
လေထုအတွင်းသို့တိုးဝင်လာသည်ကြောင့်
ဆောင်းဟွန်းကလက်ထဲမှကိုင်ထားသော ဘောပင်လေးအားစားပွဲဝိုင်းလေးပေါ်သို့ခပ်သာသာတင်လိုက်ပြီး နှုတ်ခမ်းပါးလေးများအားကော့ညွတ်သည်အထိ ပြုံးလိုက်သည်။"ဝင်ခဲ့လေ မေမေ "
ဆောင်းဟွန်း၏တုန့်ပြန်လာသောစကားသံလေးအဆုံးသတ်သွားသည်နှင့် ပွင့်ဟလာသောတံခါးချပ်လေး၏နောက်ကွယ်တွင် မေမေ့ပုံရိပ်လေးကဆောင်းဟွန်း၏အမြင်အာရုံထဲသို့ရောက်ရှိလာသည်။
"မဝင်တော့ပါဘူးကလေးရယ် ၊ မေမေပြောစရာရှိလို့
တံခါးခေါက်လိုက်တာ.. အပြင်မှာဆောလ်နူလေးရောက်နေတယ် သားနဲ့တွေ့ချင်လို့ဆိုပြီးမေ့မေ့ကိုပြောလို့ လာခေါ်ပေးတာ ""ဗျာ ! ဆောလ်နူရောက်နေတာလား "
ဆောလ်နူရောက်လာသည်ဟူသောစကားကိုကြားသည့်အခါ
အံ့သြရိပ်များမျက်နှာပေါ်ဖြတ်ပြေးသွားသည့် ဆောင်းဟွန်း၏
အမေးကြောင့် မေမေကခေါင်းကိုခပ်ဖြေးဖြေးငြိမ့်ပြသည်။
ဆောလ်နူကဒီလောက်အဝေးကြီးကိုဘယ်လိုရောက်လာတာလဲဆိုတာကို ဆောင်းဟွန်းတကယ်ကိုမစဉ်းစားတတ်တော့ပေ။