Part 2

1K 160 22
                                    

မြူခိုးရိပ်များအနည်းငယ်ရစ်ဆိုင်းနေသောနံနက်ခင်းလေပြေများသည် ကြက်သီးမွှေးလေးများပင်ထစေလောက်သည်အထိ အအေးဓာတ်ကလေးများစိမ့်ကာနေလေသည်။

မကျဉ်းလွန်းမကျယ်လွန်းလှသောတစ်ထပ်အိမ်လေး၏
အိမ်ရှေ့ခန်းရှိ ဗီရိုအသေးလေးပေါ်၌တင်ထားသော
ရေဒီယိုဟောင်းလေးမှာတဂျစ်ဂျစ်မြည်ချင်နေသော
အသံလေးများကြားမှတိုးထွက်ပြီး မနက်ခင်းရာသီဥတုအခြေအနေမှာ အပူချိန်10°အောက်ထိလျော့ကျနိုင်ကြောင်း
သတိပေးချက်တစ်ခုအား လေလှိုင်းမှတဆင့်စီးဆင်းလာစေသည်။

"ဆောင်းဟွန်းရေ ! ကလေးလေး "

အညိုရောင်သစ်သားတံခါး၏တဖက်ဆီမှ မေ့မေ့၏နိုးသံမှာအခန်းကျဉ်းလေးထဲသို့တိုးဖောက်ကာဝင်ရောက်လာသည်။

"မနက်ခင်းပို့ရမယ့် သတင်းစာလိပ်တွေကိုမေမေသားရဲ့
စက်ဘီးခြင်းထဲထည့်ပေးပြီးပြီနော် ၊ အဲ့ဒါကြောင့်
သွက်သွက်ကလေးအိပ်ယာကထပြီး မနက်စာထွက်စားလိုက်ဦး "

"ဟုတ် "ဆိုသည့်အသံစူးစူလေးတစ်ချက် လေထုထဲသို့
ခပ်ကျယ်ကျယ်ပျံ့လွင့်ကာကွယ်ပျောက်ပြီးချိန်တွင်
အခန်းရှေ့၌ခြေစုံရပ်နေခဲ့ရာမှ မေ့မေ့ခြေသံလေးများမှာလဲ
အခန်းတံခါးရှိရာနှင့် တဖြေးဖြေးဝေးကွာသွားသလို
ဆောင်းဟွန်းကလဲစောင်ပုံထဲပြန်တိုးဝင်ကာကွေးနေလေသည်။

ညကအတော်ညဉ့်နက်သည်အထိ ဆောင်းဟွန်းမှာ
အိပ်လို့မပျော်ခဲ့ရသောကြောင့် မနက်ခင်းစောစောတွင်
မျက်ဝန်းအိမ်များကအိပ်ရေးမဝသည်ကြောင့်ဖြစ်မည်
အနည်းငယ်ကျိန်းစက်ချင်နေသည်။

ရယ်သံလေးတွေနှင့်နီစွေးစွေးနှုတ်ခမ်းပါးလေးထက်က
အပြုံးရိပ်ကလေးများက မြင်လွှာများကိုမှိတ်လိုက်သည်နှင့်
ဆောင်းဟွန်း၏အတွေးပုံရိပ်ထဲသို့အလုအယက်တိုးဝင်နေကြသည်။
နားထက်ကအနီရောင်ပန်းပွင့်လေးထက်ပင် ပို၍
ငေးကြည့်ချင်စရာကောင်းလှသော ဖြစ်တည်မူလေးနှင့်
ကင်ဆောလ်နူဆိုသည့်ကောင်လေးမှာ စတင်တွေ့ဆုံခဲ့သည့်ရက်ကတည်းကပင် ဆောင်းဟွန်း၏အိမ်မက်ထဲထိတိုင်
လိုက်နှောက်ယှက်တတ်သည့် တကယ့်အဆိုးလေးပင်။

" မောင့်ရဲ့ပန်းနီနီ " (𝐒𝐮𝐧𝐒𝐮𝐧)✅Where stories live. Discover now