fictophilia ဆိုတာဘာလဲ?
Fictophilia ဆိုတာ အပြင်မှာ တကယ်မရှိတဲ့ 2D ဇာတ်ကောင်တွေ
Fiction characterတွေကို အလွန်အမင်းစွဲလမ်းတဲ့ဝေဒနာပါ
Fictophilia ခံစားနေရတဲ့ လူကိုတော့ Fictophilies လို့ခေါ်ပါတယ် ။
အချို့တွေကပိုဆိုးတယ်၊ သူတို့မှာ ချစ်သူမရှိကြဘူး။
ချစ်သူလည်းမထားကြဘူး။
တစ်ယောက်ထဲ မပျင်းမရိနေပြီး ရည်းစားတောင်မထားပဲ
စိတ်ကူးယဉ်ဇာတ်ကောင်ကိုမှ
တမ်းတမ်းစွဲ ချစ်မိတာမျိုးတွေပါ။
ဒီလိုစိတ်အခြေအနေမျိုးကို Fictophilia လို့ခေါ်ပြီး
စိတ်ကူးယဉ်ဇာတ်ကောင်ကိုမှ ချစ်မိနေတဲ့သူကို
Fictophilies လို့ခေါ်ပါတယ် ။ဇာတ်ကောင်နဲ့ပတ်သတ်တာမှန်သမျှ အကုန်သိတယ်။
နောက်ခံသမိုင်းကြောင်း၊ မိသားစု၊ ဖြစ်ရပ်၊
၀တ်ဖူးသမျှ ၀တ်စုံ ဒီဇိုင်းတွေ စသဖြင့် အကုန်သိနေပြီး
သူ့အသံကို ဘယ်အချိန်ဖြစ်နေနေ ထတွေးလိုက်တာနဲ့
နားထဲမှာ ကြားလာရတာမျိုးပါ ။ဇာတ်ကောင်နာမည်ကို password အဖြစ်ထားတယ်။
ကိုယ်ချစ်နေတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ကို စွဲလမ်းလွန်းလို့ password တိုင်းမှာ သူနဲ့ပတ်သတ်တဲ့အကြောင်းအရာ၊
နာမည် ဒါမှမဟုတ် အတိုကောက်ထားတာမျိုးတွေ
သတ်မှတ်တတ်တယ် ။ဇာတ်ကောင်နာမည်ကို စာအုပ်တွေ ခုံတွေ
နံရံတွေ စာရွက်တွေမှာ ရေးခြစ်မိတာမျိုး ၊
သူ့ပုံကို မကြာခဏဆွဲနေမိတာမျိုးတွေ လုပ်တတ်လာပါတယ်။
တစ်ခါတလေဆို စိတ်ကူးပေါက်တာနဲ့ သူ့နာမည် ထရွတ်တာ
သူအပြောများတဲ့ စကားလုံးတွေ
တစ်ယောက်တည်းလိုက်ပြောနေမိတာတွေ
လုပ်တတ်လာပါတယ် ။Gallery ထဲမှာ သူ့ပုံတွေထားတယ်။
profileတို့ cover photo တို့မှာလဲ သူ့ပုံတွေတင်တယ်။သူငယ်ချင်းတွေနဲ့ စကားပြောနေရင်းတောင်
ဒီဇာတ်ကောင်နာမည်ပဲ ခဏခဏရေရွတ်မိနေတယ် ။အမြဲတမ်းသူ့အကြောင်းပဲ အချိန်ရှိသရွေ့
နေ့နေ့ညညတွေးလာတယ် ။
အပြင်မှာ တကယ်မရှိမှန်းသိရက်နဲ့ သူ့အကြောင်းကိုပဲ
စိတ်ကူးယဉ်မိလာတယ်။
ညအိပ်ရာ၀င်ခါနီးရင်တောင် သူ့ပုံလေးမြင်ရမှ
အိပ်ပျော်တာမျိုးတွေ၊ သူ့အကြောင်း စိတ်ကူးယဉ်ပြီးမှ
အိပ်တတ်တာမျိုးတွေ ဖြစ်လာတယ် ။သူ့အကြောင်းမပြောဘဲ သူ့အကြောင်းမတွေးပဲ
တစ်ရက်တောင် မနေနိုင်တော့ပါဘူး။
သူနဲ့ပတ်သတ်တဲ့ အရာရာလေးတွေ တွေးနေ ပြောနေရမှ
အိပ်ပျော် စား၀င်လာပါတယ်။ဒါကတော့ နောက်ဆုံးအဆင့်ပါ။
ဇာတ်ကောင်ကို ရည်မှန်းပြီး
လိင်အာသာဖြေတာမျိုးတွေတောင် လုပ်မိလာတဲ့အထိပါ။
ဇာတ်ကောင်ကလွဲပြီး ဘယ်သူ့မှစိတ်မ၀င်စားတော့ပါဘူး။
ဘယ်လောက်ချောနေ ချမ်းသာနေပါစေ စိတ်မ၀င်စားတော့ပဲ
တကယ်မရှိမှန်းသိတဲ့ ဇာတ်ကောင်ကိုပဲ တန်းတန်းစွဲနေမိသလို
အပြင်လူကိုတောင် လုံးဝမချစ်နိုင်တော့ပဲ
ဇာတ်ကောင်ကိုပဲ အတော်စွဲလမ်းနေမိပါပြီ။ဒီလိုအချက်တွေက ပုံမှန်နဲ့မတူတဲ့ စိတ်ပိုင်းဆိုင်ရာတွေဖြစ်ပေမဲ့
အချို့လူတွေအတွက် စိတ်ကူးယဉ်ဇာတ်ကောင်ချစ်သူ
လိုအပ်ပါတယ်။Fictophilia ကို စိတ်ရောဂါအနေနဲ့
သတ်မှတ်ထားခြင်းတော့ မရှိပါဘူး။
ဒါဟာ စိတ်အခြေနေတစ်ခုပါ။
လူတစ်ယောက်က အပြင်မှာတကယ်မရှိတဲ့ ဇာတ်ကောင်ကို
ချစ်မိသွားတိုင်း ရူးနေလို့မဟုတ်ပါဘူး။
များသောအားဖြင့် မေတ္တာလိုအပ်နေလို့
ဒီဇာတ်ကောင်ကသာ သူ့ကို ပျော်ရွှင်မှုပေးနိုင်လို့ပါ။
ဒါကြောင့် Fictophilia စိတ်ရှိတဲ့သူကို
အပြစ်တင်နေဖို့မလိုပါဘူး ။Sui Er
CREDIT
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
ရှင်းပြကောက်နှုတ်ချက်အား FB မှကူးယူဖော်ပြထားခြင်းဖြစ်
ပါသည်။
YOU ARE READING
" မန်းတောင်ရိပ်ခို " ( COMPLETED )
Teen Fiction" နန်းဒေဝီနွေ ၂၀၀၃-၂၀၂၂ အသက် ၁၈ တွင်ကွယ်လွန်သည် "