ဒိုင်ယာရီ ( ပြီးပါပြီ )

213 13 2
                                    

မောင် ... ဒီစာလေးကို မောင်မဖတ်နိုင်ပင်မယ့်လို့ နွေ့ရဲ့ နောက်ဆုံးဒိုင်ယာရီလေးအဖြစ်
ရေးခဲ့လိုက်ပါတယ်မောင် ။ နွေ့လို ဝေဒနာသည် တစ်ယောက်အနေနဲ့
ဒီကနေ့ဟာနွေ့အတွက်မျှော်လင့်ချက်မဲ့မယ့် နေ့တစ်နေ့ဖြစ်ပါလိမ့်မယ်။
အသက်အန္တရာယ်များတဲ့ တော်လှန်ရေးဖြစ်ပေမယ်လို့ တစ်ထောင့်တစ်နေရာကနေတော့ပါဝင်ခဲ့ချင်ပါတယ် ။ အကယ်၍ အသက်အန္တရာယ် ထိပါးခဲ့လျှင်လည်းအကျိုး
ယုတ်မှာမဟုတ်ပါလေ ။ ရုပ်မရှိဘဲ နာမ်သာရှိတဲ့မောင့်ကို တစ်သက်လုံးစောင့်ဆိုင်း
နာကျင်နေမယ့်အစားပေါ့ ။

မညာစတမ်းပြောရရင် ဒီနေ့ရက်တွေကို ဖြတ်သန်းလာရတာ
ပင်ပန်းလှပါပြီမောင်။
ဒီနေ့ဟာ အဆုံးသတ်တစ်နေ့ဖြစ်ခဲ့လျှင်လည်း တာဝန်ကျေပွန်တဲ့
တော်လှန်ရေးလူငယ်တစ်ဦးအဖြစ်နဲ့ အဆုံးသတ်ချင်ပါရဲ့လေ။
အနည်းဆုံးတော့ နွေ့မိသားစုဝင်တွေထက် သတိတရရှိနေပေးမယ့် ဝတီလည်း
နွေ့ဘေးမှာရှိနေမှာကိုး။

နွေ့ဘဝမှာ အချစ်ဆိုတဲ့အရာကိုလည်း သေချာ မခံစားတတ်ခဲ့ပါဘူးမောင်။
အချစ်ကို နားလည်သိရှိခဲ့တဲ့အချိန်မှာလည်း ချစ်ရသူဟာ နွေနဲ့ မဖြစ်နိုင်တဲ့
မျဉ်းပြိုင်တွေပါပဲ ။ ချစ်ခြင်းမေတ္တာဟာ တစ်ခါတရံသိပ်ကိုရက်စက်တဲ့
အရာပါပဲ ။ နွေ့အတွက်တော့ မချစ်တတ်မယ့် နှလုံးသားတစ်စုံကိုသာ
ပိုင်ဆိုင်လာခဲ့ရင် အကောင်းသားမောင်။

မောင့်ကို မတွေ့နိုင်တော့တဲ့အတွက် တောင်းပန်ပါတယ် ။
နွေ မောင့်ကိုချစ်ပါတယ် ။
နောင်ဘဝသံသရာအဆက်ဆက်မှာလည်း ဒီလိုအဖြစ်ဆိုးကနေ ဝေးလိုပါတယ်။
ချစ်ရပါသော နွေ့ရဲ့ စောစဝ်မင်းမောင် ..။

                                မှ နွေ ( နံနက် ၈နာရီ ၊ ၄၅မိနစ်)

•••••••••••••••••••••••••
ပြီးပါပြီ ။
•••••••••••••••••••••••
ဖေဖော်ဝါရီလ ၁၉ရက် ၊၂၀၂၂
ညနေ ၃နရီ နှင့် ၁၄မိနစ်

ဖတ်ပြီးရင် နောက်ဆုံးဘိတ် အိတ်နဲ့လွယ် ဒါလေးနားထောင်သွားကြနော် ><

&quot; မန်းတောင်ရိပ်ခို &quot; ( COMPLETED )Where stories live. Discover now