၃_အလွမ်းလှေ

145 22 2
                                    

ဟိုးကောင်းကင်ကြီးတဆုံးကြည့်လိုက်စမ်းပါမောင် ။
အုံမှိုင်းမှိုင်းရာသီဥတုမျိုးဆို နွေသိပ်သဘောကျတာလေ။
ညဘက်တွေဆို အအေးဓာတ်တွေ လွန်ကဲနေတုန်း ။
ဟင့်အင်း ။ နွေ မအေးဘူးရယ် ။
မောင့်ကို လွမ်းတိုင်း လွန်ကဲလာတဲ့ဘက်ဘယ်အသားစိုင်ထဲကပူလောင်ခြင်းရယ်လောက်တော့ နွေ ခံနိုင်ရည်ရှိပါ့မောင်။

အချစ်ဟာသူ့လိုလူအတွက် တကယ်ပဲတရားမျှတမှုရှိပါရဲ့လား။
ချစ်ခြင်းတရားရဲ့ မျက်နှာသာပေးမှုကိုလိုလားနေသူအဖို့
နွေဟာ မောင့်ကိုရည်စူးပြီး ဘုရားရောက်တိုင်း
အဓိဌာန်ပြုပါ၏။ မောင် ရှိရာအရပ်၌ ကျန်းမာချမ်းသာပါစေေကြောင်း။

မတည်မြဲခြင်းတရားကို လက်မခံနိုင်သူအဖို့
မောင်နှင့် တစ်မိုးတည်းကောင်းကင်အောက်၌ အတူရှိနေပါသေးသည်
ဟူသည့် အသိတရားနှင့်သာ ဖြေသိမ့်ရပါသည်။
ဒါတောင် သိပ်မသေချာချင်။

ဒီနေ့ မောင်ရှိနေခဲ့ဖူးတဲ့ မန္တလေးတက္ကသိုလ်ကြီးရှေ့ရောက်ခဲ့ပါ့မောင်။
အရာအားလုံးဟာအသက်မဝင်လှဘူးရယ်။ နွေ့အတွက်က မောင်ရှိနေကျ
မန္တလေးတက္ကသိုလ်ကြီးဟာလည်း
မောင်ပါမှ ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချက်ပါပဲ ။
ဟိုး...အထဲက တိုင်ခြောက်လုံးတည်ရှိတဲ့ ပင်မမိန်းအဆောက်အအုံကြီးရှေ့က
လှေကားထစ်တွေနားမှာမောင်တို့အတူထိုင်ကာရယ်မောခဲ့ဘူးရဲ့ ။
မှတ်မိသေးသလားမောင် ။

စိန်ပန်းပွင့်လေးတွေမြေခနေပြီမောင်။
နွေ့ခြေဖျားထက်က စိန်ပန်းပွင့်ရဲရဲလေးတွေ
တစ်ခါကြွေကျတိုင်း မောင့်အားလွမ်းရပါ၏။
မိုးစက်လေးတွေ တစ်ပိုးတစ်ပေါက် ကျလာတဲ့အဓိပတိလမ်းမကြီးထက်မှာ
စိန်ပန်းအဖူးအပွင့်ရဲရဲလေးတွေနဲ့အတူ ဒီမြင်ကွင်းလှလှလေးထဲ
မောင်သာရှိနေခဲ့ရင် ဘယ်လောက်များကောင်းလိုက်လေမလဲမောင်။

ကတ္တီပါအနက်ရောင်ပေါ်က သွေးစိမ်းခပ်ရေးရေးလေးတွေရောလျှက်နေမယ့်
မောင့်ခြေဖမိုးဖွေးဖွေးလေးရယ် ၊ အမျိုးသားတစ်ယောက်ရဲ့
ပြီးပြည့်စုံခြင်းအတိနဲ့အတူ ဟောဒီက နွေ့ရဲ့
တစ်သက်လုံးဆုပ်ကိုင်အားကိုးထားချင်မယ့်
မောင်လက်ဖဝါးပြင်ကျယ်ကျယ်ရယ်ပေါ့။
အတွေးတစ်ချို့နဲ့တင် မောင့်အစိတ်အပိုင်းအားလုံးကို
မြတ်နိုးရတဲ့နွေပါလေ။

" မန်းတောင်ရိပ်ခို " ( COMPLETED )Where stories live. Discover now