မှတ်မှတ်ရရ "ပန်းတို့သည်လည်း..." ကို အတိအလင်းဖျက်ချခဲ့တဲ့အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး သုံးလလုံးလုံး စိတ်ကဟိုးအောက်ဆုံးထိ ကိုdown သွားခဲ့ပါတယ် ။ တက်နေတဲ့ online learning တွေကအစကျနော်ဝါသနာပါရာ အလုပ်တွေအဆုံးထိပေါ့။
ကျနော် မလင်္ကာရဲ့ ဇာတ်ကောင်တွေအပေါ် ဘယ်လောက်ထိတန်ဖိုးထားရူးသွပ်ကြောင်း
ကျနော့် မိတ်ဆွေတွေသာအသိဆုံးဖြစ်ပါတယ်။
အဲ့သည်နေ့ကစပြီး ဒီရက်ပိုင်းတွေအထိ ကျနော့် mental ပိုင်းကိုပါသက်ရောက်မှုရှိလာခဲ့ပါတယ် ။ ရက်ပိုင်းအတွင်းမှာ
ကျနော့်ရဲ့မဖြစ်စလောက်ဖန်တီးမှုသေးသေးလေးကို
မလင်္ကာဆီ လက်ဆောင်အဖြစ်ပေးချင်ခဲ့ပါတယ် ။
သုံးလအတွင်းမှာလည်းဒီဝတ္ထုအား ဖန်တီးနိုင်ခြင်းမှအပ
ရေရေရာရာ လုပ်ဆောင်နိုင်တာဆိုလို့ တစ်ခုမှမရှိခဲ့တာပါ။ဒီဇာတ်လမ်းကို ရေးသားရခြင်းရဲ့အဓိကအကြောင်းအရာဟာ
မင်္လကာသွေးရဲ့ဖန်တီးမှုလက်ရာတစ်ရပ်ဖြစ်ခဲ့တဲ့
" ပန်းတို့သည်လည်း.."ကိုလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အနေနဲ့
ဖန်တီးရေးသားရခြင်းဖြစ်ပါတယ်။
သို့ပေသိ ဇာတ်လမ်းအရတော့ တိုက်ဆိုင်ခြင်းလုံးဝမရှိပါ။ကျနော့် ဇာတ်လမ်းကို ဖတ်ကြည့်ပြီး သဘောမတွေ့တဲ့သူလည်းရှိပါလိမ့်မယ်ဗျ။
အဓိကကတော့ မင်္လကာပြန်လာတဲ့အချိန်ပေးဖို့အတွက် ဖန်တီးထားတဲ့လက်ဆောင်တစ်ခုပါပဲ ။ မလင်္ကာရဲ့ ဝတ္ထုအပေါ်အရင်းတည်ဖြစ်ပေါ်လာတဲ့ ကျနော့်ခံစားချက်များကိုသာ
ပုံပေါ်ထုဆစ်ထားခြင်းဖြစ်ပါတယ်။ဆိုတော့...ဖတ်ကြည့်ပါလို့တော့တိုက်တွန်းချင်ပါတယ် ။
ဇာတ်လမ်းတိုတစ်ပုဒ်ကို အဆုံးထိရေးသားရမှာက ကျနော့်အတွက် ပထမဆုံး
ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါတယ် ။
အရေးအသားတွေကို အတတ်နိုင်ဆုံး စေ့စပ်သိမ်မွေ့အောင်
ရေးထားပေမယ့်လည်း လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင် အားမနာတမ်း လာပြောပါလို့ ဖိတ်ခေါ်ဆော်ဩချင်ပါတယ်ဗျ။ဇာတ်လမ်းကနောက်ပိုငိးတွေရောက်မှ ရုပ်လုံးပေါ်လာပါလိမ့်မယ်။
ဖြည်းဖြည်းချင်းဆီ သွားတဲ့အတွက် နွေ့ရဲ့အလွမ်းတွေနဲ့ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်နေမှာပါ။
ကျနော့်အဓိကရည်ရွယ်ချက်နဲ့ သည်ဝတ္ထုနဲ့ သက်ဆိုင်မှု
ရှိမရှိကိုတော့ နောက်ဆုံးပိုင်းတွေမှာ ရှင်းရှင်းလင်းလင်းသိလာပါလိမ့်မယ် ။
အဆင်သင့်ဖြစ်ရင်တော့
ဒေဝီနွေ့ဘဝထဲကို ဝင်ကြည့်လိုက်ကြရအောင်ပါ။
••••••••••••
၃.၁.၂၀၂၂
_( ည ) ၈နာရီ-၃၀မိနစ်
YOU ARE READING
" မန်းတောင်ရိပ်ခို " ( COMPLETED )
Подростковая литература" နန်းဒေဝီနွေ ၂၀၀၃-၂၀၂၂ အသက် ၁၈ တွင်ကွယ်လွန်သည် "