ကိုယ် ဒီသီချင်းကို အရင်တစ်ပိုင်းမှာ ထည့်ဖြစ်ရုံတင်မကဘူး
သီချင်းရဲ့ နောက်ခံကျောရိုးကိုလည်းတင်ပြချင်တာနဲ့
သက်သက်တစ်ပိုင်းခွဲဖို့ရာ စိတ်ကူးမိသွားတာပါသီချင်းလေးကို တေးရေးဆရာသုခမိန်လှိုင်ကရေးသားခဲ့ပါတယ်။
သီချင်းရဲ့နောက်ခံမှာ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေး
တစ်ပုဒ်ရှိနေခဲ့ပါတယ် ။
မာလာဆောင် ရှေ့ကို သီချင်းလာဆိုနေကျ ကောင်လေးရယ်
မာလာဆောင်မှာ ကောင်လေးလာဆိုပြတိုင်း နားစွင့်နေမိတဲ့
ကောင်မလေးတစ်ယောက်ရယ် ၊ သူတို့နှစ်ယောက်ရဲ့
ဝမ်းနည်းစရာ ဇာတ်သိမ်းလေးပေါ့ ။ဒီအကြောင်းကို ကင်ဆာရောဂါအံတုနေရတဲ့
တေးသံရှင် အန်တီနော်လီဇာကပြောပြသွားခဲ့ပါတယ်။" အဲ့သည်ခေတ်က အဆောင်သီချင်းတွေဆိုတာ
သိပ်မရှိသေးဘူး။ ယခု "ပုဂံလမ်းကစောင့်နေမယ် " တို့
အဲ့ဒီသီချင်းတွေ မရှိသေးဘူး။ဒီအဆောင်သီချင်း
series မှာ ပထမဦးဆုံးသီချင်းပါပဲ ။ "နောက်ခံကျောရိုး
" ကောင်လေးက တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သီချင်းလာလာဆိုတာပေါ့ အဆောင်ရှေ့မှာ။
အဆောင်မှာ ဆိုရင်းနဲ့ တစ်နေ့ပျောက်သွားရော။
ဒါမဲ့ သူပျောက်သွားတယ်ဆိုတာ ခရီးပဲ ထွက်သွားတာလား
ကိုယ်တွေကအဲ့လိုပဲ ထင်တာပေါ့ ။ မဟုတ်ဘူး..။
ကောင်လေးက သေသွားတာ ။
အဲ့မှာကောင်မလေးက သူ့အသံလေးစွဲပြီးတော့ တစ်ချိန်လုံး
စောင့်နေတာ ကောင်လေးကို။
အဲ့တာလေးကို ခံစား၊ပြောပြပြီးတော့ စပ်ထားတာပေါ့နော်။
မာလာဆောင်မှာလာဆိုတဲ့ ချစ်သူပေါ့နော်။
တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းပဲ စကားပြောတာလေ။ သူကချစ်တယ် ကိုယ်ကချစ်တယ်ဆိုတာ မျက်လုံးချင်းပဲစကားပြောတာလေ ။ အဲ့မှာကောင်မလေးက ကျန်နေခဲ့တာပေါ့
အဲ့တာလေးကို စပ်ထားတာပါ။ ""သူက ကျောရိုးဂှိတဲ့ သီချင်း ။ အစ အလယ် အဆုံး စုံတာပေါ့နော် တစ်ချို့ဆိုသီချင်းတွေက မစုံဘူး ။
တစ်ဝက်မှာတင် ဘာမှန်းကိုမသိဘူး။ ဒါမဲ့ အဲ့သီချင်းက
ကွင်းကွင်းကြီး မျက်စိထဲမှာ တကယ့်အဖြစ်မြင်ရတယ် ။ ကျောရိုးရှိတယ် "မှတ်စု_ မာလာဆောင် သီချင်းလေးရဲ့ ကျောရိုးနောက်ခံကို
သိပြီးတာနဲ့ တစ်ခါလောက် ပြန်နားထောင်ကြည့်ကြည့်နော် ။
တကယ်ပဲ ဒီတက္ကသိုလ်နောက်ခံသီချင်းက အလွမ်းတွေနဲ့ နစ်မြှုပ်နေတာ။ စာသားတစ်ကြောင်းချင်းစီတိုင်းမှာ
ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို ကွက်ကွက်ကွင်းကွင်း
ဖော်ပြထားတာမျိုး။******
၂၀၂၂ ဇန်နဝါရီလ ၁၂ရက်
_နေ့လည် ၂နာရီ ၊ ၃မိနစ်
YOU ARE READING
" မန်းတောင်ရိပ်ခို " ( COMPLETED )
Teen Fiction" နန်းဒေဝီနွေ ၂၀၀၃-၂၀၂၂ အသက် ၁၈ တွင်ကွယ်လွန်သည် "