၁_"မောင့်ဒေဝီနွေ "

494 38 0
                                    

မနန်းဒေဝီနွေ
၂၀၀၃-၂၀၂၂
အသက် ၁၈ တွင် ကွယ်လွန်သည်။
••••••••••••••••••••••••
ဆယ်ကျော်သက်ဘဝဟာ ရင်ခုန်သံတွေပေါက်ဖွားလာသည့်အချိန် ။
တက္ကသိုလ်ကျောင်းသားဘဝဟာ အချစ်တွေအစပျိူးသည့်အချိန်။

အဓိပတိလမ်းမကြီးဟာလည်းမောင့်ခြေရာလေးနဲ့မှ
တစ်ထောင့်တစ်ညပုံပြင်တွေဟာလည်းမောင်နဲ့မှ

တစ်ခါတလေ တွေးမိပါရဲ့...
နွေ့မေတ္တာတွေဟာ ပုံမှန်ကောဟုတ်ရဲ့လားမောင်။
ချစ်ခြင်းမေတ္တာလို့ ခေါင်းစဉ်တပ်ထားပင်မယ့်လည်း စိတ်မကောင်းစရာပါပဲ...
အသွားအပြန်မရှိတဲ့နွေ့မေတ္တာတွေဟာ ဘယ်နေရာမှာအတည်တကျရှိနေသလဲမသိနိုင်တဲ့မောင့်ဆီ လွမ်းဆွတ်ခြင်းတွေနဲ့သာ ဦးတည်နေပါရဲ့။

စိတ်မကောင်းစွာပါပဲ မောင်ဆိုတဲ့ စောစဝ်မင်းမောင်ကို နွေကအလွမ်းတွေနဲ့သာထွေးပိုက်ပါရစေ။ ဘယ်နေ့ပြန်လာမလဲမောင် ။ မောင်ပြန်လာတဲ့တစ်နေ့...၊ လွမ်းဆွတ်ခြင်းတွေမှ နွေးထွေးတဲ့မေတ္တာတွေအသွားအပြန်ရှိလာမယ့်တစ်နေ့တော့
မောင့်ရင်ခွင်ထက်မယ် အိပ်စက်အနားယူချင်ပါရဲ့။
ဘဝနေဝင်ချိန်ကိုတောင် မောင်မရှိဘဲ ဖြတ်ကျော်ရခြင်းကတော့တစ်ဘဝလုံးစာ စောင့်ဆိုင်းခဲ့တဲ့ နွေ့အတွက် တရားသောမျှတခြင်းမှဟုတ်ပါရဲ့လားလေ။

•••••••••••••

မျက်ဝန်းထောင့်က ပူနွေးနွေးမျက်ရည်စီးကြောင်းတစ်ချို့စီးကျလာ၏။

" ကျစ် "

နွေသည် စိတ်ပျက်ခြင်းများစွာနှင့်ပင်စုပ်တစ်ချက်သပ်လိုက်ပြီး အိပ်ရာထဲမှ ထထိုင်လိုက်သည်။ ဘေးကနွမ်းလျလျဝတ္ထုစာအုပ်လေးဟာ ယခုဆိုလျှင် နောက်ဆုံးစာမျက်နှာပင်ရောက်နေခဲ့ပြီ။ မန္တလေးတက္ကသိုလ်ရဲ့ ပင်မမိန်းအဆောက်အအုံကြီးနှင့် နွမ်းလျလျစာအုပ်အဖုံး...။
ပြာလွင်လွင်စာအုပ်အား ပိတ်ချလိုက်ပြီး စာအုပ်စင်ပေါ်ရှိ စာအုပ်တွေကြားထဲထိုးထည့်လိုက်သည် ။

နောက်တစ်ကြိမ်တစ်ဖန် စီးမြောရန်ပင် ဆုံးဖြတ်ထားခြင်းမရှိသည့်နွေဟာ ယခုနောက်ပိုင်း အခန်းထဲတွင်သာ အောင်းနေတတ်လာသည်။

" မန်းတောင်ရိပ်ခို " ( COMPLETED )Where stories live. Discover now