အပိုင်း ၁

1.3K 141 23
                                    

Unicode

I Belonged To You [ Season 2 ]

မျက်နှာတည့်တည့် ဖြန်းကျနေသည့် ရေများကြောင့် Haechan အသက်ရှုရခက်နေသည်။ ဒါ့အပြင် လည်ပင်းတစ်ဝိုက်မှာ တင်းကြပ်စွာ ဆုပ်ဖိထားသည့် လက်ချောင်းတွေဟာလည်း တွန်းဖယ်မရစွာ ရှိနေသေးသည်။ နောက်ဆုံးထွက်သက်ပင် ဆိုက်တော့မလို့ သူ့မှာ စုဆုံခံစားနေရသည့် မွန်းကြပ်နာကျင်နေမှုများစွာ ..။

လွှတ်ပါ...လွှတ်ပေးပါတော့...။

" Haechan ..."

ညှင်သာနူးညံ့သည့် ခေါ်သံလေးအဆုံး သူ့မျက်နှာပေါ် ဖြန်းကျနေသော ရေစက်ရေပေါက်အေးများ ရုတ်တရက် ရပ်သွား၏ ။ လည်ပင်းကို ဆုပ်ဖိထားသည့် လက်ချောင်းတွေဟာလည်း ထိုရေစက်တွေနဲ့အတူ တစ်ခါတည်း အငွေ့ပျံ လွင့်စင်ပျောက်ပျက်သွားသည်။ သူ့မျက်လုံးတွေ ပြန်ဖွင့်လာနိုင်ပြီး အသံလာရာဆီ လှမ်းကြည့်လိုက်သည်။

" ကိုကိုလေး .."

အေးချမ်းလွန်းတဲ့ Jaemin ပုံစံလေးဟာ သူ့ကို လာပွေ့ဖက်လှည့်ပါ ဟု လက်တွေ ကမ်းလင့်ထားသယောင်။ သို့ဖြစ်၍ သူ အားယူထကာ ထိုပုံရိပ်လေးရှိရာ အပြေးသွားဖက်သည်။ အေးချမ်းလွန်းတဲ့ သူ့ရဲ့ ငွေလမင်းဆီ မရောက်ခင် မြူတွေဆိုင်းဝေလာပြီး ရုတ်တရက် သူတို့ကြား တံခါးတစ်ချပ် ခြားသွားပြန်၏ ။

" ကိုကိုလေး ..."

" ငါ မင်းကို သေချာပေါက် ပြန်လာခေါ်မယ်နော် "

တစ်ဖက်ခြမ်းက ကိုကိုလေးက သူ့ကို ထိုကဲ့သို့နှုတ်ဆက်ပြီး တံခါးကို ဆွဲပိတ်သွားခဲ့သည်။ ဆိုင်းဝေနေသည့် မြူတွေ ရုတ်တရက်ဆိုသလို မရှိတော့ ..။ အလင်းရောင်လည်း မှိန်ကျသွားပြီး သူကျန်ခဲ့တဲ့ အခန်းမှောင်မှာ ချုံးပွဲချ ထိုင်ငိုချိန် အိမ်မက်ဆိုးတို့ဟာလည်း ထိုမျှနဲ့ နိဂုံးချုပ်ပြီး Haechan ဆက်ခနဲ နိုးသွားပါတော့သည်။

" Hghh .."

နားထင်နှစ်ဖက်နား စီးကျထားသည့် သူ့မျက်ရည်တို့ဟာ အခုမှ လတ်လတ်ဆတ်ဆတ် ပူနွေးနွေးပင် ရှိသေးသည်။ ဝမ်းဗိုက်နားထိ လျှောကျလွတ်လပ်နေသည့် စောင်ကို ရင်ဘတ်ပေါ်ထိ ပြန်ဆွဲခြုံပြီး မွေ့ယာတစ်ဖက်ခြမ်းကို စောင်းငဲ့ကြည့်လိုက်၏ ။

I Belonged To You [ Season 2 ] : The Trump CardWhere stories live. Discover now