အပိုင်း ၁၂

1.3K 116 135
                                    

Unicode

I Belonged To You [ Season 2 ]

" ကိုကိုကြီး ..."

နှစ်ဦးသား အချစ်တွေထုံးမွှန်းရမဲ့ မင်္ဂလာဦးညလေးကို Lee Mark ဘက်က သံသယတွေ ကွန်းခြယ်ပြီး သူ့‌ဆီ အချစ်တွေ ကူးသန်းလာမဲ့ မေတ္တာအသွားအပြန် လမ်းတံတားလေးကို သူကိုယ်တိုင်ပဲ ရိုက်ချိုးပစ်လိုက်ပါပြီ ..။

Lee Mark ဘက်က လွန်သွားတဲ့ လုပ်ရက်လား ..။ ဤသို့မဟုတ် 'ကလေးက သူ့ကို မုန်းနေတယ်' ဆိုတဲ့အကြောင်းကို ခေါင်းထဲ စွဲမြဲအောင် မှတ်ထားမိတဲ့ သူ့ရဲ့ မလှပသော အတိတ်များကိုသာ အပြစ်တင်ချင်၏ ။

' ငါ့ကို ချစ်လာမှာမဟုတ်ပါဘူး '

' သူက ငါ့ကို သေစေချင်လို့ ခဲတံနဲ့ ထိုးတာ ' စသည့် အတွေးတွေ သူ့ဦးနှောက်မှာ နယ်ချဲ့လာတိုင်း သူဟာ ကလေးငယ်ဆီက အချစ်တွေ တောင်းဆိုဖို့ ကြောက်ရွံ့နေခဲ့ရသည်။ အဲ့လိုမျိုး သူ့ကိုယ်သူတောင် ယုံကြည်မှုပျောက်ဆုံးနေတော့ ဟယ်ချန်းလေး သူ့အား ရုတ်တရက် ပြန်ချစ်လာခြင်းကို လိမ်နေတာလို့ တစ်ယူသန် မှတ်လိုက်လေရဲ့ ...။

ကလေးငယ်ရဲ့ တစ်ထွာခန့်မျှ ခဲတံလေးအစွမ်းက သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးသွားရတဲ့အပြင် တစ်ခြားသူတွေအပေါ် ယုံကြည်ဖို့ဆိုတာပါ ခက်ခဲသွားရပြီ ...။ သို့ဖြစ်၍လည်း သူသတိလစ်နေရာက နိုးလာခဲ့ပြီးနောက်ပိုင်း " ကျွန်တော်တော့ Lee Mark ဘဝနဲ့ နေနေရတာကို သိပ်မုန်းနေပြီ " လို့ ညည်းတွားခဲ့ရခြင်း ဖြစ်၏ ။

သူ ယုံကြည်ရတဲ့ လူတွေအားလုံးက သူ့ကို လိမ်ခဲ့ကြပြီး နာကျင်စေခဲ့တယ် ...။ သူ့ဘဝတစ်လျှောက်လုံးမှာ အမြဲတမ်း လိမ်ခံနေခဲ့ရတယ် ...။

" ကိုကိုကြီး ... ဘယ်သွားမလို့လဲဟင် "

အချစ်တွေ လက်မခံတော့တဲ့ ရယူခြင်းကို Haechan က Lee Mark ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ အချစ်တွေနဲ့ပဲ ဖြည့်ဆည်းပေးခဲ့ပါသည်။

" ကျွန်တော် တစ်ယောက်တည်း မနေရဲဘူး ..။ ကျွန်တော့်ကို မထားခဲ့ပါနဲ့ .."

သွေးသားတွေပေါင်းစပ်ပြီးခါမှ အနားမှာမနေ၊ နွမ်းနယ်နေတဲ့ သူ့ကို ထွေးပွေ့ထားဖို့ဆိုတာ ဝေးစွ။ ဘယ်ဆီဘယ်ဝယ်ကို ထွက်သွားဖို့ရန် ပြင်နေလဲမသိသည့် Lee Mark ကို လက်မောင်းလေးတစ်ဖက် လှမ်းဆွဲပြီး Haechan တားထားမိသည်။

I Belonged To You [ Season 2 ] : The Trump CardOnde histórias criam vida. Descubra agora