Unicode
I Belonged To You [ Season 2 ]
" ကျွီ .."
တဘက်တစ်ထည်ကို ပခုံးမှာလွှားတင်ပြီး Minhyung ရေချိုးခန်းထဲ ဝင်ဖို့ပြင်တုန်း Haechan က စာသင်ချိန်ပြီးပြီမို့ အခန်းထဲ ပြန်ရောက်လာသည်။
" ဆရာ ပြန်သွားပြီလား "
" အင်း "
" အများကြီး ပင်ပန်းသွားပြီ။ ကောင်းကောင်းနားနေနော် ကိုယ် ရေချိုးလိုက်အုံးမယ် "
" လိုက်ခဲ့မယ် "
" ဟင် .."
" ရေချိုးခန်းဆီ လိုက်ခဲ့မယ် "
ထိုကလေး ကပ်တွယ်ပုံကြောင့် Minhyung ရယ်မိသည်။ နေရကျဉ်းကြပ်တယ်လို့ ခံစားရမဲ့အစား ၂၅ နှစ်လုံးလုံး မေတ္တာငတ်မွတ်ခဲ့မှုတွေအတွက် အခု သူ့အနား လိုက်ကပ်မဲ့ ကလေးလေးရှိနေတာကို ပီတိတွေ ဖြာနေသည်။
" အင်း မင်းသားလေး အလိုကျပါပဲ။ လိုက်ချင်ရင် လိုက်ခဲ့ .."
တကယ်လည်း သူ့ရဲ့မင်းသားလေးက ရေချိုးခန်းထဲထိ လိုက်ခဲ့ပြီး သူရေချိုးတာကို မျက်တောင်မခတ် ထိုင်ကြည့်နေပါသည်။ ဒီတစ်ခါတော့ Minhyung နည်းနည်း ရှက်ရချေပြီ ..။
" ဒီနေ့ အေးလား .."
ရေမစင်အောင် ခပ်လှမ်းလှမ်းမှာ ထိုင်စောင့်နေသည့် Haechan လေးဆီ ပြန်လှည့်မေးသည်။
" မသိဘူး .."
" မင်း မအေးဘူး ထင်ရင် ငါနဲ့ ရေအတူလာချိုးလေ "
သူ့စကားတွေအဆုံး ထိုကလေးက ထိုင်နေရာက အတည်ကြီး ထ,လာသည်။ ပြီးတော့ သူ့ကိုယ်ပေါ်က အဝတ်တွေ တစ်ခုချင်း ချွတ်ပြီး တန်းပေါ်တင်နေ၏ ။ ဒီတစ်ခါတော့ မျက်တောင်မခတ်ပဲ ငေးနေမည့်သူဟာ Minhyung ကိုယ်တိုင်သာ ...။
အဝတ်အစားတွေ ချွတ်ပြီးသွားတော့ ထိုကလေးက သူရပ်နေသည့် ရေပန်းအောက်ကို ဝင်လာသည်။ နီးကပ်သွားတဲ့ ကိုယ်နေဟန်ထားမှာ Minhyung မျက်နှာတွေ ပူရှိန်းတက်လာ၏ ။
Lee Mark ကကျ ချစ်စရာ လူတွေ အနားမှာ ရှိနေပါလျက် စိတ်နာစရာအခြေနေတွေကြောင့် မချစ်တက်ခဲ့လျှင် Minhyung ကကျ ၁၉ နှစ်လုံးလုံး သူ့အနားမှာ ချစ်စရာ တစ်စုံတစ်ယောက်ဆိုတာ ရှိမနေခဲ့တဲ့အတွက် မချစ်တက်ခဲ့ခြင်း ဖြစ်လိမ့်မည်။
YOU ARE READING
I Belonged To You [ Season 2 ] : The Trump Card
Fanfiction💚 MarkHyuck [ Unicode + Zawgyi ] I Belonged To You ( Season 2 )