Unicode
I Belonged To You [ Season 2 ]
သူငယ်ချင်းတွေနဲ့ စုပေါင်းလုပ်မည့် ( ........... ) မြေနေရာက Shopping Centre project သစ်အတွက် Lee Mark ည ၁၁ နာရီခွဲသည်ထိ မအိပ်ရသေးပဲ အလုပ်စားပွဲမှာ ရှိနေဆဲပင်ဖြစ်သည်။ ပျားရည်ဆမ်း ခရီး ၅ ရက်သွားတုန်းကတော့ အလုပ်မှန်သမျှကို အန်ကယ်လေး Johnny ဆီ ရော့ အင့် ခဏ ကြည့်ပေးထားဟု စိတ်ချလက်ချ ထိုးပေးနိုင်ခဲ့၏ ။ အခု ပျားရည်လည်း ဆမ်းပြီးပြီ၊ အိမ်လည်း ပြန်ရောက်နေပြီဆိုတော့ နားအေးပါးအေး နာချင်လှတဲ့ အန်ကယ်လေး Johnny မှာ သူ့အလုပ်တွေကို တစ်ခုချင်း ပြန်အပ်နေချေပြီ။
ရှေ့လျှောက်တော့ များပြားလှတဲ့ စီးပွားရေးလုပ်ငန်းခွဲတွေနဲ့ Lee Mark တစ်ယောက်တော့ ပင်ပန်းရချည်ရဲ့ ...။
" အင်း ...အင့် "
ညနေ ၅ နာရီခွဲကတည်းက အရက်မူးပြီး အိပ်ပျော်သွားသော ကျွဲခိုးသမားလေး အီဟယ်ချန်း တစ်ရေးနိုးလာခြင်း ...။
" နိုးပြီလား ..ငမူးလေး .."
" အင်း ..နိုးပြီ "
မျက်လုံးအစုံကို ပွတ်သပ်ရင်း ခေါင်းစုတ်ထောင်းလေးနဲ့ ပြန်ဖြေပုံက လုံးဝချစ်ပစ်ချင်စရာ အတိ...။
" မနက်မှ နိုးတော့မယ် ထင်နေတာ ..။ ညကြီး ပြန်နိုးလာတာပဲ ..။ ခေါင်းကိုက်နေသလား "
" အင်း ခေါင်းကိုက်နေတာ အန်လည်းအန်ချင်တယ် "
ကျွဲခိုးဖော်ချင်တဲ့ သူ့လက်ချက်ကြောင့်ဆိုတော့ Lee Mark ခဗျာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ပစ်ချပြီး အလုပ်စားပွဲမှ အမြန်ထ,ကာ ငမူးလေးကို ပြုစုဖို့ ပြင်ရသည်။
" ခေါင်းကို မော့ထား .."
ဟယ်ချန်းခေါင်းလေးကို ဆွဲမော့ပြီး နားထင်နှစ်ဖက်နဲ့ နဖူးကြောလေးတွေကို သူ့လက်ချောင်းထိပ်လေးတွေနဲ့ အသာနှိပ်နယ်ပေးနေလေသည်။ တစ်ခါမှ အခြားသူတွေကို မပြုစုဖူးတော့ သူ လုပ်တက်တာကို အရင်လုပ်ပေးနေခြင်းပင်။
" အမူးပြေအောင် ပဲပင်ပေါက်စွပ်ပြုတ်လေး သောက်မလား၊ ဒါမှမဟုတ် သံပုရာရည် ...။ ညစာ မစားထားရတော့ ဗိုက်ဆာနေမယ်ထင်တယ်...။ အခု စားချင်တာ ရှိရင်ပြောလေ ဒါပေမဲ့ လန်းသွားအောင် အရင်ရေချိုးလိုက် ...အာ မဖြစ်ဘူး။ အခုမှ နေကောင်းပျောက်ခါစ ရေချိုးလို့မဖြစ်ဘူး "
أنت تقرأ
I Belonged To You [ Season 2 ] : The Trump Card
أدب الهواة💚 MarkHyuck [ Unicode + Zawgyi ] I Belonged To You ( Season 2 )