အပိုင်း ၂၂-၃

976 94 18
                                    

Unicode

I Belonged To You [ Season 2 ]

" ချွမ်....ချလွင်.....ချွင် .... "

" ...ဟင်း .... "

သည်းထိပ်စရာ သည်အခြေနေမှာ စိတ်လှုပ်ရှားမှု‌တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်နေသည့် ကိုယ်ခန္ဓာထဲက လှိုက်ဖိုနေမှု ...။ သားရဲကျားသစ်တို့၏ ခြေကျင်းမှ သံကြိုးနှင့် ကြမ်းပြင်ပွတ်တိုက်၍ ပေါ်ထွက်နေသော တချွင်ချွင်မြည်သံမှအပ သည်ည၏ အလှဟာလည်း တိတ်ဆိတ်ငြိမ်သက်စွာ သူတို့နှစ်ဦး၏ အနမ်းဇာတ်ဝင်ခန်းမှာ ပီပြင်စွာ ပါဝင်အားဖြည့်ပေးနေသည်။

အတန်ကြာ ငုံထွေးစုပ်ယူပြီး နမ်းရှိုက်ခဲ့တဲ့ နှုတ်ခမ်းအစုံလေးကို ခေတ္တမျှ အလွှတ်ပေးတော့ သူ့ရင်ဘတ်ကို လက်ကလေးတွေနဲ့ တွန်းကန်ရင်း အလျှင်အမြန် ဝန်ခံဖြေချသည့် စကားသံလေးက တိုးတိုးလေးရယ်လေ ...။ တကယ်ကို တိုးတိုးလေးရယ်ပါ။

" ကြောက်တယ် ...ကိုကိုကြီးကို ပိုကြောက်တယ် " တဲ့။

အရာအားလုံးဟာ ပိုမိုတိတ်ဆိတ်သွားရပြန်သည်။

" ဟင်းးးး ...."

ခေါင်းပေါ်က ဆံပင်တွေကို ဆွဲကုပ်ပြီး Lee Mark စိတ်မောစွာ ချပြင်းလိုက်သည့် သက်ပြင်းသံက တိတ်ဆိတ်နေသည့် အရာအားလုံးထဲမှ ကွဲကွဲပြားပြား ပီသစွာပင်ရှိသည်။

" ပြန်မယ် ... "

သူ့ရင်ဘတ်ကို တွန်းကန်ထားသည့် ဟယ်ချန်းလက်လေးကို လက်ကောက်ဝတ်မှ ဆွဲကိုင်လိုက်ပြီး သားရဲတွင်းမှ ဆွဲခေါ်ထုတ်ခဲ့သည်။ ခြေလှမ်းကို ခပ်ကျဲကျဲလှမ်းရင်း ဒုန်းဆိုင်းသွားနေသည့် လီမာ့ခ်နောက် ဟယ်ချန်းက ခပ်သွက်သွက်လေး အမြန်လိုက်နေရ၏ ။ သူ့စကားတွေထဲ ကိုကိုကြီးကို စိတ်ဆိုးသွားစေသည့်တစ်စုံတစ်ရာ ပါခဲ့သလားဟုလည်း တွေတွေဝေဝေ ပြန်စဉ်းစားမိနေပါရဲ့..။

တစ်နေရာအရောက် ချက်ချင်းဆိုသလို Lee Mark ခြေလှမ်းတွေက တုံ့ခနဲ ရပ်ဆိုင်းသွား၍ သူ့နောက်ကနေ အရှိန်နှင့် လိုက်နေသည့် Haechan လေးမှာ Lee Mark ကျောပြင်ကျယ်ကို ခေါင်းဖြင့် ဝင်ဆောင့်မိသည်။

" အ ... "

Lee Mark ပခုံးပေါ်မှ ကျော်၍ လှမ်းမြင်လိုက်ရသည့် ရှေ့ကမြင်ကွင်းဟာ အင်မတန်မှ အံ့ဩစရာကောင်းလောက်အောင် Lee Mark နဲ့ ချွတ်စွပ်ဆင်တူနေသည့် Lee Mark ရဲ့ အမြွှာညီပါတဲ့လေ။

I Belonged To You [ Season 2 ] : The Trump CardOnde histórias criam vida. Descubra agora