အပိုင်း ၄

1.1K 130 56
                                    

Unicode

I Belonged To You [ Season 2 ]

" ဘာလို့ မတွေ့တာလဲ ..။ သူ ကျွန်တော်တို့နဲ့ နီးနီးလေးမှာ ရှိနေတာ သေချာတယ်။ အဲ့တာကြောင့် အဲ့စာကို လာရေးနိုင်တာပေါ့။ ထပ်ရှာပါ ခဏလေးတောင်မနားနဲ့ သူ့ကို မတွေ့မချင်း လိုက်ရှာနေကြ။ လုံးဝမနားနဲ့ .."

" မင်းစိတ်ကိုလျှော့စမ်း Lee Minhyung ..။ အခုလို ပျာယာခတ်နေတာ Lee Mark ရဲ့ ပုံစံမဟုတ်ဘူးနော် "

ပတ်တီးတွေ အဖွေးသား စည်းနှောင်ထားသည့် သူ့လက်ဆစ်က မှန်ကွဲစရှတဲ့ ဒဏ်ရာတွေက ဆေးထည့်ထားပြီးသည့်တိုင် စပ်ဖျဉ်းဖျဉ်း နာကျင်နေဆဲပင်။

ငါ မင်းကို စောင့်ကြည့်နေတယ် ..။

Lee Mark က သူ့ကို အမြဲတမ်းစောင့်ကြည့်နေသည်တဲ့။ မှန်ပါသည်။ ဒီအတောအတွင်း သူဟာ သူ့ကိုယ်သူ Lee Mark ပဲလို့ သတိလက်လွတ်ကို နေနေမိပါသည်။ Lee Markက ဘာရည်ရွယ်ချက်နဲ့ သူ့အား နေရာလဲပေးထားလဲဆိုတာကို သိရဖို့ မကြိုစားတော့ပဲ Lee Mark အဖြစ်နဲ့ နေသားတကျကို နေနေခဲ့မိပါသည်။

အခုတော့ Lee Mark ရဲ့ သတိပေးစာနဲ့အတူ အိမ်မက်ဆိုးက လန့်နိုးလာသူပမာ Minhyung ခြောက်ခြားနေရလေပြီ ...။

" Lee Mark က တကယ်ကို ဉာဏ်များတဲ့သူပဲ။ ငါ့အဖေ ( ဖိုးဖိုး Lee Jay ) လက်က လွတ်အောင် သူ ဘယ်လိုပုန်းနေနိုင်တာလဲ။ ကြည့်ရတာ သူ့ကို ကူညီပေးနေတဲ့သူ ရှိတယ်ထင်တယ် ..."

သတင်းစာရှင်းလင်းပွဲအတွက် ဖိုးဖိုး Lee Jay နဲ့ Lee Seok Cheol တို့ ကိုရီးယားရောက်နေတာ တစ်ပတ်ခန့် ရှိပြီဖြစ်ပါသည်။ နှစ်လနီးပါးလောက် ပျောက်နေတဲ့ Lee Mark ကို ဖိုးဖိုးတို့လူတွေ နေရာအနှံ့လိုက်ရှာနေခဲ့၏ ။ ယခုတော့ တိုက်ဆိုင်စွာပင် ဖိုးဖိုးတို့ ကိုရီးယားပြန်ရောက်မှ Lee Mark ကလည်း ကိုရီးယားမှာပဲ ရှိနေကြောင်း သဲလွန်စပေးလာသည်။

" Lee Taeyong မဟုတ်တာတော့ သေချာတယ်။ သူက အခု ရှေ့နေ့ Park ကို သတ်တဲ့အမှုနဲ့ ငြိနေတယ်။ သူ ကူညီပေးနေတာ မဖြစ်နိုင်ဘူး "

" Minhyung ah ...အခြေနေက ဘာမှန်းမသိဘူး။ Lee Mark ပြန်ပေါ်မလာခင် ငါတို့ကိစ္စကို အရင် အကောင်အထည် ဖော်ရမယ် .."

I Belonged To You [ Season 2 ] : The Trump CardHikayelerin yaşadığı yer. Şimdi keşfedin