အပိုင်း ၂၀-၁

901 104 48
                                    

Unicode

I Belonged To You [ Season 2 ]

ဆောင်းကုန်တော့မည်မို့ စိမ့်နေအောင် ချမ်းသည့် အအေးဓါတ်က ပြယ်စပြုသော်ငြား ဆောင်းညရဲ့ လေပြည်အေးများဟာတော့ တစ်ယောက်တည်းအထီးကျန်နေမည့်သူ့ကို ညသန်းခေါင်ယံအချိန်မှာ ခပ်ကြမ်းကြမ်းလှုပ်နှိုးပစ်လိုက်နိုင်သည်။

" မသွားပါနဲ့ ...ကိုကိုကြီး ...hghhh ..."

ကလေးငယ်ကို လန့်နိုးသွားစေသည်က ဆောင်းလေအေးတွေအပြင် ကိုကိုကြီးက သူ့ကို ထားပစ်ခဲ့ပြီဆိုတဲ့ အိမ်မက်‌ဆိုးတစ်ခု‌ကြောင့် ...။ ကလေးငယ်ကို ထိုအိမ်မက်ဆိုးက ညစဉ်နှိပ်စက်နေအုံးတော့မည်။

Haechan ဟာ ကိုကိုကြီးအိမ်ပြန်အလာကို စောင့်ရင်း ဧည့်ခန်းမှာ ပြတင်းတံခါးဖွင့်လျက်သား အိပ်ပျော်ခဲ့ဟန်တူပါ၏ ။ ဆောင်းလေအေးတွေ တဖြူးဖြူး အဝင်အထွက်လုပ်နေသည့် ပြတင်းတံခါးကို ခပ်ငိုင်ငိုင်ငေးကြည့်ပြီးနောက် နံရံပေါ်က တိုင်ကပ်နာရီဆီ တစ်ချက် စစ်ဆေးသည်။ သူနဲ့ စကားများရန်ဖြစ်ခဲ့ကြပြီးနောက် ကိုကိုကြီး အိမ်ပြန်မလာခဲ့တာ တစ်ပတ်တိတိ ရှိချေပြီ‌လေ။

ယနေ့သည်လည်း အချိန်က မနက် ၂ နာရီထိုးပြီဖြစ်ပြီး ကိုကိုကြီးရဲ့ အရိပ်အယောင် အငွေ့အသက်လေးကို အစအနတောင် မတွေ့ရသေး။

အရင်လို ရန်ဖြစ်ပြီးရင် ခဏနဲ့ပြန်ချစ်ကြတဲ့ အ‌ခြေနေမဟုတ်တော့ပဲ ကိုကိုကြီးက ပထမဆုံးအကြိမ် သူ့ကိုထားပစ်ခဲ့တဲ့အထိ ပြဿနာကကြီးသွားမှန်း Haechan အခုမှနားလည်သည်။ " ကိုကိုကြီးက ငါ့ကို ချစ်ပါတယ်။ အကြာကြီး စိတ်ဆိုးမှာမဟုတ်ဘူး " လို့ တွေးထားပြီး ကိုကိုကြီးနဲ့ ပြန်အဆင်ပြေဖို့ပဲ ဆက်တိုက်မျှော်လင့်ခဲ့သည်။ သို့ပေမဲ့ အကြိမ်ကြိမ် နာကျင်နေရလို့ ပင်ပန်းသွားခဲ့ပြီဖြစ်တဲ့ ကိုကိုကြီးဟာတော့ သူ့ကို နာကျင်အောင်လုပ်တဲ့ ကလေးငယ်ဆီက တဖြည်းဖြည်းစွန့်ခွာနေလေပြီ။

လောကကြီးမှာ ဘယ်အရာမှမတည်မြဲဘူးဆိုတာ သိပေမဲ့ သူ့အတွက် ကိုကိုကြီးအချစ်တွေကတော့ အမြဲထာဝရလို့ ကလေးငယ် ထင်ထားခဲ့၏ ။ သို့ပေမဲ့ ကိုကိုကြီးက သူ့ကို မချစ်ခဲ့ဘူးလားဆိုတဲ့ အတိတ်၊ ကိုကိုကြီးက သူ့ကို ဆက်ချစ်ပါအုံးမလား ဆိုတဲ့ ရှေ့ရေး ...သူ့အတွက် မသေချာ မရေရာတော့တဲ့ အရာတွေပါလေ။

I Belonged To You [ Season 2 ] : The Trump CardDonde viven las historias. Descúbrelo ahora