အပိုင်း ၁၈-၂

1.1K 103 54
                                    

Unicode

I Belonged To You [ Season 2 ]

" မနက်ဖြန်လေ သွားစရာတစ်ခုရှိလို့ ဆရာဝန်ကြီး ကျွန်တော့်ကို ခွင့်ပြုမလား "

ဟယ်ချန်းကို အိမ်ပြန်ပို့မနေပဲ သူနဲ့အတူ ဆေးရုံကို ခေါ်သွားခဲ့ရတာမလို့ သူ့ရုံးခန်းမှာပင် ယာယီနေထိုင်ဖို့ ပြင်ဆင်ပေးထား၏ ။ သူ့ကို ကြောက်လို့ထင်ပါရဲ့ တစ်ချိန်လုံး ငြိမ်ကုပ်နေပေမဲ့ ထမင်းစားချိန်မှာ ထိုစကားကို ပြောလာသည်။

" ဘယ်လဲ ဘယ်ကို သွားမှာလဲ "

" ကျွန်တော့်ကို စာသင်ပေးတဲ့ ဆရာရဲ့ မွေးနေ့လေ "

Lee Mark ကို " တောင်းဆိုစရာရှိတယ် ..ခွင့်ပြုမလား " လို့ မေးခဲ့တာ ထိုကိစ္စပင် ဖြစ်ပါ၏ ။ သို့ပေမဲ့ Lee Mark ကို ပြောတောင်မပြောလိုက်ရပဲ သူတို့ချင်း ရန်ဖြစ်စကားများ၊ တစ်ခါ ပြန်ချော့နဲ့ အလုပ်ရှုပ်ပြီး မေ့သွားခဲ့လေတော့ ...။

" ဪ ...Lee Mark ကိုက ပြောပြီးပြီလား "

" ဟင့်အင်း မပြောရသေးဘူး ..."

" အင်း ..ပြောမနေပါနဲ့...။ အဲ့ကလေးက တအားသဝန်တိုတက်တာ ..သူ မပါပဲ လွှတ်မှာ မဟုတ်ဘူး ။ သွားစရာရှိတာ သွား ...။ ပြီးရင်တော့ အချိန်မှီ ပြန်လာ ..။ အခုက မင်းကို ငါ တာဝန်ယူထားရတာ သိတယ်မလား။ ငါ့ကို မျက်နှာပျက်အောင်တော့ မလုပ်နဲ့။ တစ်ခုခုဆို ငါ့ခေါင်းပေါ်ပဲ ကျမှာ နားလည်လား "

" ဟုတ် ..."

" စား စား ...။ များများစား ..အားရှိအောင်လို့ ..."

" ဟုတ်ကဲ့..."

* Ring ...Ring ... Ring *

စားပွဲပေါ်က တုန်ခါမြည်လာသည့် ဖုန်း Ringtone သံကြောင့် ပါးစပ်နားရောက်ခါနီး တူကို စိတ်ပျက်လက်ပျက် ပြန်ချပြီး Ten Lee ညည်းညူမိသည်။

" ဒီကောင် Lee Mark ...ဘယ်လို ဖြစ်နေလဲ "

Lee Mark ဆိုတာနဲ့ မျက်နှာချင်းဆိုင်မှာ ထမင်း အတူထိုင်စားနေတဲ့ ဟယ်ချန်းလေးက ခေါင်းမော့လာ၏ ။

" အေး ...ဆရာဝန်တစ်ယောက်ကို ဒါမျိုး ဖုန်းခဏခဏခေါ်ပြီး နှောင့်ယှက်နေလို့ မဖြစ်ဘူးဆိုတာ မင်း နားမလည်ဘူးလား Lee Mark ..."

I Belonged To You [ Season 2 ] : The Trump CardWhere stories live. Discover now