အပိုင်း ၂၄-၁

304 37 3
                                    

Unicode

" သေသောသူ ကြာရင်မေ့ " ဆိုသည့် ဆိုရိုးစကားရှိပေမယ့် လီမာ့ခ်အတွက် မင်ဟျောင်းကို မေ့ပစ်နိုင်ဖို့ထိတော့ အချိန်ကာလက မနေ့တစ်နေ့ကလိုပင် ရုတ်တရက်ဆန်နေတုန်းဖြစ်သည်။ ကိုယ့်သွေးသားရင်းကိုတောင် လုပ်ပစ်ရက်နိုင်လားဟု ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ရသည်အထိ အဲဒီ့အချိန်တုန်းက သူ့စိတ်တွေဟာ သူမဟုတ်နေတော့သလို.. ကြောက်စရာ မိစ္ဆာဆိုးတစ်‌ကောင် ဝင်ပူးခံထားရသလို အသိစိတ်ကင်းမဲ့လျှက် အရိုင်းဆန်နေခဲ့၏ ။ ထိုအဖြစ်ပျက်များကို ပြန်မြင်ယောင်လိုက်မိတိုင်း မိမိကိုယ်ကို စက်ဆုပ်မိလျှက် တိတ်ဆိတ်အထီးကျန်သော ညများအလယ်မှာ အိမ်မက်တစ္ဆေလေး မင်ဟျောင်းဆီက ခြောက်လှန့်ခံနေရပြီး ညစဉ်ညတိုင်းလိုလို ကောင်းကောင်းအိပ်၍ မရခဲ့ချေ ...။

သူ လက်ထဲက လွတ်သွားတဲ့ မင်ဟျောင်းရဲ့ ပခုံးနှစ်ဖက် ..။ နောက်ဆုံးသောအနေနဲ့ သူ့ကို စိုက်ကြည့်သွားခဲ့တဲ့ မင်ဟျောင်းရဲ့ သနားစရာ မျက်ဝန်းတွေ ..။ နောက်ပြီးတော့ ဟယ်ချန်းလေးရဲ့ စူးစူးဝါးဝါး အော်လိုက်သံ ...။ ထိုနေ့က အဖြစ်အပျက်များဟာ ယခုအချိန်ထိ သူ့၏ သန်းခေါင်ယံညများအလယ် အိမ်မက်ဆိုးတွေအဖြစ် သူ့ကို ထပ်ကာထပ်ကာ ပြန်နာကျင်နေစေပါသည်။

မင်ဟျောင်းဟာ သူ့အား ခွင့်မလွှတ်နိုင်လေသလား...။

" ဟင်းးးးး "

အိမ်မက်ဆိုးဆီမှ လန့်နိုးလာတော့ လီမာ့ခ်ရဲ့ ရင်ဟာ ကြီးမားသော အစိုင်အခဲတစ်ခု ပိတ်ဆို့နေသည်အလား တင်းကြပ်စူးနစ်၍ နာကျင်နေသည်။ နာသော ရင်ကို လက်ဖဝါးတစ်ဖက်ဖြင့် ဆုပ်ကိုင်ဖိထားလျှက် ပြင်းထန်မြန်ဆန်နေသော အသက်ရှုမှုကို တဖြည်းဖြည်းချင်း စိတ်လွှတ်ကာ ပုံမှန်အတိုင်း ပြန်ထိန်းညှိလိုက်သည်။ သူ့ရဲ့ အာခေါင်နဲ့ လျှာတို့ဟာလည်း ထုံထိုင်းခြောက်ကပ်နေပြီး ရေကို တောင့်တလာ၏ ။

ပုံမှန်အတိုင်း စိတ်ငြိမ်ပြီး အသက်ပြန်ရှုနိုင်မှ သူ့ရဲ့ အသည်းတစ်ခြမ်းရှိနေမည့် မွေ့ယာဘေးတစ်ခြမ်းကို ဖွဖွကလေး အရင်စမ်းလိုက်သည်။

" ဟယ်ချန်း ..."

အိမ်မက်ဆိုးက ထွက်ပြေးလာရသူမလို့ ကိုကိုကြီးအသံက မောဟိုက်မှုတွေ လွှမ်းနေသေး၏ ။ ဟယ်ချန်းဆီက ပြန်ထူးသံမကြား၊ လူကို စမ်းတော့လည်း နေရာလွတ်ကိုပဲ ခံစားမိနေတာကြောင့် မီးအိမ်လေး ထ,ဖွင့်ပြီး သေချာကြည့်မှ ဟယ်ချန်းလေးဟာ သူနဲ့အတူ မွေ့ယာပေါ် မရှိနေတာကို သိသည်။

I Belonged To You [ Season 2 ] : The Trump CardWhere stories live. Discover now