အပိုင်း ၁၀

1.3K 128 210
                                    

Unicode

I Belonged To You [ Season 2 ]

" ဆန်ပြုတ်ကို ချော့ပြီး ကျွေးစေချင်တာများ ငါ့ကို ရှည်ရှည်ဝေးဝေးတွေ ပြောနေသေးတယ် "

ဆန်ပြုတ်တစ်ဇွန်းကို ပူလောင်မနေအောင် အအေးခံပြီး မှုတ်လိုက် ထိုကလေးကို ခွံ့ကျွေးလိုက်နှင့် တစ်သက်နဲ့တစ်ကိုယ် မည်သူ့ကိုမှ မချော့မော့၊ မယုယခဲ့ဖူးသော Lee Mark ရဲ့ ချော်တော်မူခန်းပင်။

" ပြီးတော့ ထစ်ခနဲရှိ ထ,ငိုတာလောက် အမြင်ကပ်တာ မရှိဘူး။ ကြာရင် ငါမင်းကို တစ်ခုခု လုပ်ပစ်မိလိမ့်မယ် "

ယခုအချိန်ထိ အမြင်ကပ်တာနဲ့ အသည်းယားတာကို မခွဲခြားတက်သေးသော ကိုကိုကြီးတစ်ဖြစ်လည်း Lee Mark ဖြစ်ပါသည်။

" သူကျတော့ ထစ်ခနဲရှိ စိတ်တိုပြီးတော့ သူများကို .."

" ငါ့ကို ပြန်မပြောနဲ့ ..ပြန်မပြောနဲ့ .."

ပြောပြောဆိုဆို လက်ထဲက ဇွန်းပြန်ချပြီး ထိုကလေးခေါင်းလေးကို မနာသွားအောင် နှစ်ချက်လောက် ဖွဖွတွန်းသည်။

" အ ..လက်မပါနဲ့နော် .."

" မင်းအရင် လက်ပါထားတာလေ ငါ့ကို ရေငုပ်မျက်မှန်နဲ့ ကောက်ပေါက်ပြီး‌တော့...။ ခွင့်လွှတ်ပေးထားတာ အကောင်းမဟုတ်ဘူးနော် ရောင့်တက်မလာနဲ့ .."

" နာသွားလို့လား ..။ ကျေပြီလို့ မှတ်လိုက်တော့လေ ကိုကိုကြီးလည်း ကျွန်တော့်ကို နာအောင် လုပ်ထားတာပဲ .."

" ငါမင်းကို နာအောင် လုပ်တယ်ဆိုတာက ငါ့အနမ်းတွေ ငါ့နှုတ်ခမ်းတွေနဲ့လေ ...။ နှုတ်သီးခေါင်း လျှာပါးပြန်ပြန်ပြောမနေစမ်းနဲ့ .."

အမှန်တကယ်တော့ ဟယ်ချန်းလေး သူ့ကို ပြန်စွာရဲနေတာက သူကိုယ်တိုင်ကြောင့်ပဲဆိုတာ ကိုကိုကြီး မသိပုံပါပဲ။ 'မကြိုက်ဘူး အချိုးတွေပြင်' ဘာညာပြောနေပေမဲ့ သူကိုယ်တိုင်က‌ကို ကလေး မစွာစွာလာအောင် လမ်းဖောက်‌သည်လေ။ အရင်ဆို စိတ်ဆိုးရန်ဖြစ်ကြရင် ကလေးမကြိုက်တာကို အတင်းယူတာမျိုး၊ ရေမွန်းအောင်လုပ်ပြီး အပြစ်ပေးတာမျိုး လုပ်လေ့ရှိခဲ့၏ ။ အခုတော့ သူ့စိတ်ကိုအလိုအလိုက်တော့ပဲ ပြဿနာအေးသွားသည်ထိ ခဏရှောင်နေပေးတယ်မဟုတ်လား။ ဥပမာ ဒီကို စရောက်တဲ့ ပထမညကလိုမျိုးပေါ့ ...။

I Belonged To You [ Season 2 ] : The Trump CardNơi câu chuyện tồn tại. Hãy khám phá bây giờ