🌵၅🌵

219 17 9
                                    

နွေရာသီရဲ့ ကန္တာရပန်းတွေ ဦးဆုံးပွင့်တဲ့အချိန်.......

"....အစ်ကို ကျွန်တော့်ကို လိုက်ပို့ချင်လား"
ကန္တာဦး၏အသံမှာ အင်မတန်မှ တိုးလျဖျော့တော့လှ၏။ ထိုအသံအား ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် ဝမ်းနည်းမှု၊ စိတ်အားငယ်မှု၊ ထို့နောက်...အားကိုးမှီခိုချင်မှုများနှင့်အတူ အားတုံ့အားနာဖြစ်မှုများပါ ပါရှိနေ၏။

"...မင်း အဆင်ပြေရင်ပေါ့"

မိုးရိပ်ညို၏ဖြေသံအဆုံး၌ ကန္တာဦးတစ်ယောက် ဆတ်ခနဲခေါင်းငြိမ့်၍ သူ့ဘေး၌ ထပ်လျက်ချထားသည့်စာအုပ်ပုံကို ကောက်ယူပြီး မတ်တပ်ထရပ်သည်။ ထို့နောက် ထိုစာအုပ်များကို နေရာတကျပြန်ထားပြီးနောက် ခပ်နွမ်းနွမ်းကျောပိုးအိတ်ကို လွယ်ပြီး မိုးရိပ်ညိုထံကြည့်လာ၏။

မိုးရိပ်ညိုသည် ကန္တာဦးလို ခပ်အေးအေးကောင်လေးတစ်ယောက်မဟုတ်ရကား ကန္တာဦးကို ပြုံးပြဖြစ်သည်။ ကန္တာဦးမှာတော့ နှုတ်ခမ်းသားများကို မျဉ်းဖြောင့်တစ်ကြောင်းတည်းဖြစ်ရုံမျှပြုံး၏။ ထိုအပြုံးသည် အပြုံးနှင့် သေချာပေါက်မတူညီဘူးဆိုသော်လည်း မိုးရိပ်ညိုမှာတော့ တခုပ်တရပင် သိမ်းဆည်းလိုက်ပါ၏။

ထို့နောက်တွင်တော့ သူတို့နှစ်ဦးသည် စာကြည့်တိုက်မှတဆင့် ကျောင်းဝန်းအတွင်းရှိလမ်းများအလယ် ကျောင်းဝန်းအပြင်ဘက်လမ်းမကြီးအထိ ပခုံးချင်းယှဉ်လျက် လမ်းလျှောက်လာဖြစ်ခဲ့ကြသည်မှာ အလွန့်အလွန်ကို တိတ်ဆိတ်စွာပင်။ တခါတရံတော့ မိုးရိပ်ညိုသည် ကန္တာဦးကို ငဲ့ကြည့်ဖြစ်၏။

သည်ကောင်လေးဟာ ဘာလို့များ မြိုသိပ်တတ်နေရတာပါလဲ။

မိုးရိပ်ညိုဟာ ပွေ့ဖက်၍အားပေးချင်လွန်းလာသည်မို့ အသည်းနှလုံးသားထဲ၌ ရဟတ်စီးနေရသလို အသည်းတအေးအေးပင်ရှိနေလှပါ၏။ ထို့ကြောင့် ကန္တာဦးကို ဆက်မကြည့်တော့ဘဲ ရှေ့တူရူကိုသာ တည့်တည့်ကြည့်လျက် လမ်းလျှောက်နေဖြစ်သော်လည်း စိတ်အစဉ်သည်တော့ ကန္တာဦးအား 'မည်သို့မည်ပုံ နှစ်သိမ့်ပေးရပါ့မည်လဲ'ဆိုသည့်အတွေး၌သာ ပျော်ဝင်နေလျက်ရှိသည်။

OASIS [COMPLETE]Where stories live. Discover now