🌵၂၉🌵

134 8 3
                                    

အညာခရီးစဉ်-၂


"မနက်ဖြန်မှ သွားမယ်"

"အဦး! မင်း အမျိုး‌မျိုးနော် ဟေ့ကောင်!"

လိုက်မယ်ပြောပြီး ညနေပိုင်းရောက်သည့်အခါမှာတော့ ကန္တာဦးနှင့် အရီးလေးနှစ်ယောက်ဟာ စကားနိုင်လု၊ ငြင်းခုံနေရပါတော့သည်။

သို့သော် ခေါင်းမာပြီဟေ့ဆိုလျှင် ပြန်မပြင်‌တတ်တော့သည့် ကန္တာဦးကိုပဲ အရီးလေးနှစ်ယောက်က လက်လျှော့လိုက်ကြရတော့သည်။

သဘောတူညီမှုတစ်ခု ရရှိသွားသည့် ကန္တာဦးတစ်ယောက်ဟာ အမေကြီးတို့အိမ်ကို ရောက်ချလာရတော့သည်။

အကြောင်းမှာ မိုးရိပ်ညို ရောက်လာမည်ဆိုတာကို အတပ်သိနေ၍ပါပဲလေ။ ထို့အတွက် လူကြီးတွေကို ခွင့်တောင်းမှ ဖြစ်ပါလိမ့်မည်။

ကန္တာဦးတစ်ယောက် အမေကြီးကို အနည်းငယ်ပြောဆိုခွင့်တောင်းကြည့်သည့်အခါ အလွယ်တကူပဲ လက်ခံလာသည်မို့ အမေကြီးတို့အိမ်မှ ပြန်လာပြီး ကြက်သွန်ခင်းထဲကို ရေသွင်းနေလိုက်တော့သည်။

ယခုအခါ ကန္တာဦးတစ်ယောက်မှာ နေရောင်ခြည်နှင့် စဉ်ဆက်မပြတ်ထိတွေ့နေရတော့တာမို့ နဂိုအသားဝါသူဟာ ယခုတော့ဖြင့် ကြေးနီရောင်ပင် ပေါက်လုလုဖြစ်နေပါပြီ။

ည(၉)နာရီထိုးသည့်အခါမှာတော့ ကန္တာဦးဟာ မျိုးပိုင်၏ဖုန်းဖြင့် မိုးရိပ်ညိုကို ဆက်သွယ်လိုက်လျှင် မိုးရိပ်ညိုဟာ အမှန်တကယ်ကိုပဲ လမ်းခုလတ်ကိုရောက်နေပါတော့၏။ ထို့အတွက် ပခုက္ကူမှာမဆင်းဘဲ ကမ္မအထိဆက်လိုက်ဖို့ကို အသိပေးပြီး ညောင်ဦးကိုရောက်သည်နှင့် သူ့ကိုဖုန်းဆက်ဖို့ကိုပါ တစ်ပါတည်း မှာကြားလိုက်တော့သည်။

ထိုနေ့တစ်ညလုံး ကန္တာဦးဟာ တစ်မှေးသော်မျှ အိပ်မပျော်ပါလေ။

နွေရာသီ၏ ပူအိုက်သည့်ဒဏ်ကြောင့် သူတို့လေးယောက်ဟာ အိမ်ထဲမှာ မအိပ်နိုင်ကြဘဲ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ တစ်ပြားလိုက်ကြီး အိပ်နေကြတော့သည်။ ချောင်းဘေးကပ်လျက်မို့ ‌လေတဟူးဟူးတိုက်ခတ်နေသည့်အတွက် အညာ‌ချည်စောင်ပါးပါးလေးတွေကိုတော့ ခြုံထားကြရပါသည်။

OASIS [COMPLETE]Where stories live. Discover now