🌵၂၇🌵

137 9 0
                                    

သူကပဲ နစ်နာသလို....

သွေးအေးစစ်ပွဲတွေဟာ အစဉ်အလာမပြတ်ကျရောက်လာလေပြီ။

မိုးရိပ်ညိုပြန်သွားပြီး နောက်ထပ် တစ်ပတ်အကြာမှာ GTIလျှောက်ဖို့ ဖိအားပေးခံလာရတော့သည်။ သို့မဟုတ်ပါလျှင် DSAတက်ရမည်ဟုဆိုလာကြသည်။

‌သို့သော် ကန္တာဦးက တုပ်တုပ်မလှုပ်၊ ပြန်လည်းမပြော၊ နားလည်းမထောင်သည့်အခါမှာတော့ ဒဏ်ရာဒဏ်ချက်တွေများစွာကို ရရှိလာပြန်သည်။

"နင့်ကို တစ်နှစ်၊တစ်နှစ် ကျောင်းထားရတာ လွယ်တယ်ထင်နေလား၊ ဟမ်!!"

ထိုစကားကို တွင်တွင်သုံးတတ်သေးတာမို့ ကန္တာဦးမှာ 'ဖေဖေ‌တို့ပေးတာ လောက်ငှတယ်လို့ထင်နေတာလား'ဟု ပြန်မေးချင်စိတ်ကို မနည်းထိန်းချုပ်နေရပါသည်။

ဒုတိယနှစ်မှာလည်း ကန္တာဦးတစ်ယောက် ကျောင်းနောက်ကျသည်။

'တက်ချင်တက် မတက်ချင်နေ၊ အဲ့ဒီကျောင်းကိုတက်နေသ၍တော့ ပိုက်ဆံတစ်ကျပ်မှမပေးဘူး'ဟုဆိုလာပြီး ကျောင်းအတွက်သုံးဖို့‌ရာ ငွေတစ်ကျပ်တောင်မပေးလိုက်သည်မို့ ကန္တာဦးမှာ ရန်ကုန်ကိုလာဖို့အတွက် လမ်းစရိတ်ကိုတောင် ကစ်ကစ်ဆီက ချေးလာရသည်။

ရန်ကုန်ကိုရောက်လျှင်တော့ အဆင်ပြေကောင်း ပြေလိမ့်မည်ဟု ထင်ပါသော်လည်း ဒေါ်သီတာဆွေက စာသင်ဝိုင်းနေရာလေးကို ဖျက်သိမ်းပစ်လိုက်တာမို့ ကန္တာဦးမှာ ဘယ်လိုက်လို့လိုက်ရမလဲတောင် မသိတော့ဘူးဖြစ်သွားရသည်။ သို့သော် တော်သေးသည်က မိုးရိပ်ညိုက ကျူရှင်လခတွေကို တစ်ကျပ်တောင်မသုံးပါဘဲ အားလုံးစုသိမ်းပေးထားသည်ပင်။

ယခုအခါမှာတော့ ဒေါ်သီတာဆွေ၏ အစ်မဖြစ်သူသည်လည်း သူ့အိမ်ကိုသူ ပြန်သွားပြီမို့ ကန္တာဦးတစ်ယောက် ယိုယွင်းနေသည့် အရင်နေရာလေးမှာ ပြန်လည်နေထိုင်ခွင့်ရ၏။ မိုးမလုံသော်လည်း နိုင်လင်းဆွေရဲ့အခန်းနဲ့စာလျှင် ထိုအခန်းငယ်လေးက ပို၍အသက်ရှူချောင်စေသည်။

တက္ကသိုလ်တွေပြန်ဖွင့်ပြီမို့ သီရိဆွေလည်း တက္ကသိုလ်တွေတက်နေရပြီ။ ထို့အတွက် ဒေါ်သီတာဆွေကလည်း ရနေကျ အိမ်လခနှုန်းထက်  နှစ်သောင်းပို၍တောင်းလာတော့သည်။ တစ်ဖြတ်လျှင် နှစ်သောင်းနှုန်းတက်လာသည်မို့ ယခုအခါ အိမ်လခသည် ရှစ်သောင်းပင်ဖြစ်နေပြီ။

OASIS [COMPLETE]Where stories live. Discover now