🌵One Shot🌵

99 10 0
                                    

နှောင်ကြိုးလေးရယ် မြဲပါစေကွယ်......

(၁)

"ပန်းနီနီမပေးနဲ့ကွယ်....ပန်ချင်ပါဘူး....။ ချစ်ဦးသူနဲ့ လွဲမှာစိုးလို့...."

သီချင်းလေးကို မပွင့်တပွင့်ဆိုညည်းရင်း သနပ်‌ခါးလိမ်းနေသည့်မိန်းကလေးတစ်ယောက်သည် သူမ၏ သနပ်ခါးလိမ်းခြင်းအစီအစဉ်ပြီးသွားသည့်အတွက် သနပ်ခါးကျောက်ပျဉ်၏ ဘေးနားရှိ ရေများထည့်ထားသည့်အင်တုံလေးထဲမှာ ‌ထည့်‌ထားသော အဝါရောင်သနပ်ခါးအခက်ကလေးများကိုကောက်ယူ၍ သူမ၏ ပိတုံးရောင် ကေသာထက်၌ ထိုးစိုက်လိုက်လေသည်။

ထို့နောက် မျက်ခုံးပေါ်ရှိ တင်ကျန်နေသော သနပ်ခါးအမှုန့်များကို ခေါင်းဘီးနှင့် ခြစ်နေသည်ဆိုလျှင်ပဲ.....

"အဲ့သလိုမလုပ်ရဘူးလို့!! ဘယ်လောက်သင်သင် မတတ်ပါလား မြသွဲ့ဝေရီ!!"

အခန်းပေါက်ဝမှ အဖွားဖြစ်သူ၏အသံဆာဆာဟာ အခန်းငယ်အတွင်း ဝေ့ဝဲပျံ့နှံ့သွားလေသည်။

"ဟီးး ဟုတ်ကဲ့ပါ ဖွားရဲ့"

ဤသည်မှာ မြသွဲ့ဝေရီ၏ တစ်နေ့တာကို အစပြုပုံပါ....။

(၂)

"စာလာပါတယ်ခင်ဗျ!"

အိမ်တံခါးဝအထိရောက်လာပြီး ပြောလိုက်သည့်ခပ်ဝဲဝဲအသံကြောင့် လုပ်လက်စအလုပ်တွေကိုရပ်တန့်၍ ထွက်လာကြည့်သည်ဆိုလျှင်ပဲ စိမ်းပြာရောင်မျက်ဝန်းများနှင့်ဆုံစည်း၏။

"ကိုကိုကြီးရဲ့မိတ်ဆွေဆိုတာလားရှင်"

"ဟုတ်ပါတယ်ခင်ဗျာ၊ အဲရစ်လို့ခေါ်ပါတယ်"

ထိုအခါမှ 'အဲရစ်ဆိုတာ သည်လူပေါ့'လို့ တွေးမိပြန်သည်။ အဲရစ်ကို ယခုမှမြင်ဖူးတွေ့ဖူးသော်လည်း နာမည်ကိုတော့ ရင်းနှီးနေခဲ့တာ ကြာခဲ့ပြီ‌။

"ထိုင်ပါရှင်"

ကျွန်မ ဧည့်ခန်းမှာ နေရာချပေးတော့လည်း တိတ်တဆိတ်လေးဝင်ထိုင်နေပြန်သည်။

အဲရစ်၏အရပ် ရှည်လိုက်ပုံများ...ထိုင်နေတာတောင် ကျွန်မရင်စို့လောက်ရှိနေပြီ။ မတ်တပ်ရပ်နေလျှင်တော့ ကျွန်မက အဲရစ်ရဲ့ ပခုံးစွန်းလေးကို မမှီ့တမှီအနေအထားလောက်မှာရှိသည်။  အဲရစ်က မြင်ဖူးနေကျ နိုင်ငံခြားသားတွေနှင့်မတူ။ အသားအရည်မှာ မဖြူလွန်းမညိုလွန်း၊ စိမ်းပြာရောင်မျက်လုံးကလေးများရှိသည်။ မျက်ခုံးနှင့် ဆံပင်တို့မှာ ကော်ဖီရင့်ရောင်ရှိပြီး ဆံပင်တို့ဟာ လှိုင်းတွန့်ကလေးတွေ ခပ်ရေးရေးလေးရှိသည်။

OASIS [COMPLETE]Where stories live. Discover now