🌵၃၅🌵

140 9 0
                                    

အယူခံ

ရန်ဖြစ်ခြင်းဆိုတာက နည်းနည်းလေးမှ ကောင်းမွန်သည့်အရာမဟုတ်!!

အထူးသဖြင့် ကြင်စဦးချစ်သူတွေရဲ့ကြားမှာဖြစ်၏။

မိုးရိပ်ညိုနှင့်ကန္တာဦးဟာ စကားများပြီး သုံးရက်ကြာသည်အထိ တစ်နေ့ကို စကားဆယ်ခွန်းပြည့်အောင်ပင် မပြောရတော့ပါလေ။

သည်တစ်ပတ်ရဲ့ စနေနေ့မှာ မေဂျာWelcomeရှိနေသည်မို့ မိုးရိပ်ညိုဟာ အပတ်တကုတ် ကြိုးစားသင်ယူထားရသည့် သီချင်းတစ်ပုဒ်ကို ဂစ်တာတီးရင်း လေ့ကျင့်နေတော့သည်။

သူ၏ စကားတွေအများကြီးပြောရတာမကြိုက်တဲ့၊ နမ်းဖို့အတွက် မဝံ့ရဲတဲ့၊ ယခုလောလောဆယ် ရွှေစိတ်တော်ငြိုငြင်နေတဲ့ ချစ်ရသူအတွက် သူဟာ သီချင်းတစ်ပုဒ်ကို ရည်ညွှန်း၍ သီဆို‌လိုခြင်းကြောင့် မလေ့ကျင့်တာကြာနေပြီဖြစ်သော ဂစ်တာကို ကောက်ကိုင်ရသည်။

ယခင်က Chordsတွေကို အနည်းအကျဉ်း လေ့ကျင့်ဖူးခဲ့၍သာတော်တော့သည်။ မဟုတ်ပါက အစကနေ ပြန်လေ့ကျင့်နေရတာနဲ့တင် သီချင်းဆိုလိုက်ရမည်မဟုတ်။

ယခုတော့ အိမ်ရဲ့အပေါ်ထပ်ရှိ မိုးရိပ်ညို၏အခန်းအတွင်းမှ ဂစ်တာသံသဲ့သဲ့နှင့်အတူ သီချင်းသံတိုးတိုးလေးဟာ ပျံ့လွင့်နေတော့သည်။

"ဟိုကောင်လေး စိတ်ဆိုးနေတာထင်တယ်"

"ဟုတ်မှာပေါ့"

အောက်ထပ်မှ မိဘနှစ်ပါးကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရင်း ခပ်တိုးတိုးရယ်လိုက်ကြ၏။ ထို့နောက်မှာတော့ သားဖြစ်သူ၏ သီချင်းသံကိုသာ နားစွင့်နေလိုက်ကြ၏။

အချိန်အတော်ကြာအောင် သီဆိုလေ့ကျင့်ပြီးသည့်နောက်မှာတော့ မိုးရိပ်ညိုဟာ ဂစ်တာကို အခန်းထောင့်မှာ ပြန်ထောင်လိုက်၍ တန်းစီပြီးအိပ်နေသော ကြောင်တွေအနားသို့ကပ်သွားကာ အသဲလေး၏အနား၌ ကပ်ထိုင်လိုက်၏။ သို့သော်လည်း စိတ်အာရုံက သားသမီးတွေဆီမှာမရှိ၊ ရွှေစိတ်တော်ငြိုငြင်နေဆဲ ချစ်ရသူထံမှာသာ စွဲစွဲမြဲမြဲရှိနေလေသည်။

ကန္တာဦးဆိုသည့် အဲ့သည်ကောင်လေးက တကယ့်အဆိုးကောင်လေး...။

ဒီလူက စကားတွေပြောနေရင်တောင် တစ်ခွန်းသော်မျှ ပြန်မပြောပါလေ။ ဂရုစိုက်ပေးလျှင်ကျတော့လည်း ငြိမ်နေတတ်သေး၏။

OASIS [COMPLETE]Where stories live. Discover now