🌵၁၂🌵& Sorry

153 15 0
                                    

အရည်ကြည် ခပ်ပါးပါးလေးဟာ လွှမ်းလို့ခြုံလို့.........

ဦးအဲရစ်နှင့်ဒေါ်မြသွဲ့ဝေရီ ဧည့်ခန်းအတွင်း၌ မည်သည့်စကားမျှမပြောဘဲ ထိုင်နေမိသည်မှာ (၂)နာရီခန့်ပင်ရှိပြီ။

နှစ်ဦးသားသည် စကားမပြောဖြစ်သော်လည်း တူညီသောအတွေးများကိုတော့ တွေးနေဖြစ်ကြပါသည်။ အကြောင်းမှာ...သူတို့နှစ်ဦး၏သားဖြစ်သူ မိုးရိပ်ညိုတစ်ယောက် အခန်းထဲမှထွက်မလာတာ (၄)ရက်ရှိနေ၍ပါပဲ။

နောက်နှစ်ရက်နေလျှင် မိုးရိပ်ညို၏မွေးနေ့ကိုရောက်တော့မည်။ မြန်မာတို့၏ ဓလေ့အရ အလှူနားနီး၊ မဂ်လာဆောင်နားနီး၊ မွေးနေ့နားနီးလျှင် အနေအထိုင်ဆင်ခြင်ကြရခြင်း။ ထို့ကြောင့် သူတို့နှစ်ဦးသည် ယခုအခါတွင်တော့ လိုသည်ထက်ပို၍ စိတ်ပူနေကြခြင်းဖြစ်သည်။

"တီတီ..."

ခေါ်သံနှင့်အတူ ဝင်လာသည်က ဋီကာထွဋ်နိုင်နှင့် သိမ်မွေ့ဦးဖြစ်သည်။ သူတို့၏မျက်နှာများသည်လည်း စိုးရိမ်စိတ်များကြောင့် သိပ်တော့မကောင်းပါချေ။

"ဘယ်လိုဖြစ်တာလဲ တီတီ"
သိမ်မွေ့ဦးတစ်ယောက် အဆောတလျင်ထိုင်ချလိုက်ပြီး မေးမြန်းရသည်။

"မသိပါဘူးကွယ်...ဟို‌တစ်နေ့က မျက်နှာမကောင်းဘဲ အိမ်ပြန်လာတယ်။ အဲ့နောက်ပိုင်း အခန်းထဲကနေ သိပ်မထွက်တော့ဘူး"
ဒေါ်မြသွဲ့ဝေရီ၏အသံမှာ တုန်တုန်ယင်ယင်....။

"သမီးနဲ့များ ပတ်သက်နေမလားမသိဘူး...ဟိုနေ့က သမီးနဲ့ မဆုလာဘ်နဲ့ ရန်ဖြစ်တဲ့ကိစ္စကိုများ ...."
သိမ်မွေ့ဦးမှာ စကားမဆက်ပါဘဲ ခေါင်းကိုငုံ့ချလိုက်၏။

"မဆိုင်လောက်ပါဘူးသမီးရယ်...။ အဲ့နေ့ညနေက သမီးဆုလာဘ်လည်းလာသွားတယ်။ ပြီးတော့ သားနဲ့လည်းစကားပြောသွားတယ်။ အဲ့နောက်ရက်တွေလည်း အေးအေးဆေးဆေးပါပဲ။ အခုမှ ဘာဖြစ်သွားတယ်မသိဘူး"

ဒေါ်မြသွဲ့ဝေရီ၏စကားအဆုံး၌ ဦးအဲရစ်တစ်ယောက် ဒေါ်မြသွဲ့ဝေရီ၏လက်ဖမိုးကို အုပ်ကိုင်လိုက်လေသည်။

"ဟို...သမီးတို့ အခန်းတံခါးသွားခေါက်ပြီး ဝင်လို့ရမရ မေးကြည့်ပါလား၊ တီတီတို့မေးရင် ငြင်းလွှတ်တာပဲမို့"

OASIS [COMPLETE]Where stories live. Discover now