🌵၄၁🌵

158 12 0
                                    

ဘယ်မှာအခြေချချင်လဲ

ပြန်လည်အဆင်ပြေနေသည့်ရက်များဟာ မိုးရိပ်ညိုအတွက် သက်တန့်တွေဖြင့် စီခြယ်ထားသော ကောင်းကင်အောက်၌ မတ်တပ်ရပ်နေရသလို ခံစားချက်ပင်။ အချိန်နှင့်အမျှ ထိုကောင်ငယ်လေးကို ငေးကြည့်နေရခြင်းဟာ သက်တန့်တွေကို ငေးကြည့်ရခြင်းထပ် ပို၍ အေးချမ်းစေသည်။

ယခုလည်း အခန်းထဲမှာထိုင်ရင်း ဒေစီပင်အား ရေကရားသေးသေးလေးဖြင့် ရေလောင်း‌လိုက်၊ အရွက်ဟောင်းတွေခြွေလိုက်လုပ်နေသော ကန္တာဦးအား မေးထောက်လျက် ထိုင်ငေးနေခြင်းပါ။

"Bee..."

"ဗျာ"

ခေါ်လျှင် ချက်ချင်းထူးတတ်သည့် အကျင့်ကလေးအား ကန္တာဦးတစ်ယောက် စွဲလမ်းနေတတ်ပြီ။ ထိုသို့ အသံပြုပြီးလျှင် မျက်လုံးကလေးဝင့်၍ လှည့်ကြည့်မည်။ အကြည့်ချင်းဆုံလျှင် ပါးချိုင့်ခွက်ကလေးတွေပေါ်သည်အထိ ပြုံးပြမည်။ ဒါတွေဟာ ကန္တာဦး၏ ယခုရက်ပိုင်းကလေးမှ ဖြစ်တည်လာသော ချစ်စဖွယ် အကျင့်လေးများပါပင်။

"ဒီနားကို လာပါဦး"

အကြည့်ချင်းဆုံ၍ အပြုံးလေး ပျောက်ကွယ်မသွားသေးခင် မိုးရိပ်ညိုဟာ လက်ယပ်၍ ဘေးကိုလာရန်ခေါ်သော် ကန္တာဦးမှာ ရေကရားအသေးစားလေးကို ချထား၍ မိုးရိပ်ညိုရှိရာသို့ လျှောက်သွား၏။ အနားသို့ရောက်လျှင် မိုးရိပ်ညိုဟာ ကန္တာဦး၏ ပါးပြင်ထက်သို့ ခပ်ဖွဖွလေး တစ်ချက်နမ်းမွှေး၍ ထိုအနမ်းကြောင့် ဖိပိတ်သွားကြသော မျက်ခွံပေါ်ကိုပါ ဖိကပ်နမ်းလိုက်လေသည်။

"Bee..."

"ဗျာ"

ကန္တာဦးမှာ မျက်လုံးမဖွင့်ရဲ။ ဖွင့်ကြည့်လိုက်လျှင် သေချာပေါက် အကြည့်ချင်းဆုံသွားမည်။ ထိုသို့ အကြည့်ချင်းဆုံလျှင်...။ ဆက်မတွေးတတ်တော့သည်မို့ မိုးရိပ်ညိုဆက်ပြောလာမည့် စကားများကိုသာ နားစွင့်နေလိုက်ရသည်။

မိုးရိပ်ညိုသည်တော့ ဆံပင်ညှပ်ထားပြီးစမို့ မြင်နေရသည့် ခပ်ရဲရဲနားရွက်ဖျားလေးထံကို အကြည့်ပို့ဖြစ်သည်။ ထို့နောက် ပန်းရင့်ရောင်ယှက်ပြေးနေသည့် ပါးမို့များကို လက်ဖမိုးဖြင့် ခပ်ဖွဖွပွတ်သပ်မိ၏။ ပြီးလျှင် ကန္တာဦး၏မျက်နှာကို လက်ခုပ်နှစ်ဖက်ဖြင့် ထွေးပိုက်ထားရင်း...

OASIS [COMPLETE]Where stories live. Discover now