part-8

1.2K 121 2
                                    

"အေးပါကွာ မင်းကလည်း ငါလည်းစိတ်ထဲမထားပါဘူး မင်းလည်း မေ့လိုက် ငါလည်းမေ့လိုက်ပြီ

ခုတော့ သွားရအောင် ပါပါးစောင့်နေလောက်ပြီကွ"

"အေးပါ ဆော့ဂျင်ရာ သွားမယ် လာ"

"အင်း ဂျောင်ကု"

^ဂျောင်ကုနဲ့ဆော့ဂျင်တို့ ကားပေါ်တက်ပြီး
လေယာဥ်ကွင်းလေးဆီသို့ တူတူသွားကြသည် ^

Sj-္"ပါပါး ဒီမှာ သားတို့.... "

Sj'dad "သားလေး ပါပါး သွားမယ်နော် သားလေး ကောင်းကောင်း နေခဲ့နော် ပါပါးမှာထားတွေကိုမမေ့နဲ့နော် ပါပါး သားဆီ သေချာပေါက် ကိုပြန်လာခဲ့မယ်နော် လာပါဦးပါပါးဆီမသွားခင်လေး ပါပါး သားလေးကို ဖက်ဦးမယ်"

Sj-"ဟုတ်ကဲ့ပါ ပါပါးရဲ့ ပါပါးရဲ့စကားတွေကိုလေ ဟောဒီ့ နားလေးထဲက ဝင်ပြီး ဟောဒီ့ အဖိုးတန်တဲ့ ခေါင်းလေးထဲမှာ သေသေချာချာ မှတ်ထားပါတယ် ပါပါးရဲ့
ပြီးတော့ သားကိုစိတ်ချနော်ပါပါးရဲ့
ပါပါးသာ ဟိုကိုရောက်ရင် ကောင်မလေးချောချောလေးတွေနောက် ကောက်ကောက်ပါမသွားနဲ့ ဒီက သားလေးကို လည်းမေ့မသွားနဲ့ဦး"

^လက်ညှိုးကောက်ကောက်လေးကိုသုံးပြီး
နားထင်လေးနဲ့ခေါင်းလေးကို ထိုးပြီး ပြောပြနေပုံက တကယ့်ငါးနှစ်သားလေးကျလို့ ^

Sj'dad-"ဟိတ်ကောင်လေး အဖေကိုအဲ့လိုနောက်စရာလား ငါ့နယ် ရိုက်လိုက်ရ ဒီကလေး တော့ "

"ပါပါးကလည်းချစ်လို့နောက်တာကို သားကိုဆူတယ် တော်ပြီ ပါပါးကိုမချစ်တော့ဘူး"

"အမလေး ပါပါး သားလေး ပါပါးငလညနောက်တာပါကွာ ဟုတ်ပြီလား "

Singapore သို့သွားမည့်ခရီးသည်များ လေယာဥ်ပေါ်တွင်နေရာယူပေးပါ နောက်နာရီဝက်အတွင်းလေယာဥ်ထွက်ခွာပါတော့မယ်

"သားလေး ပါပါးသွားတော့မယ် ဟိုမှာ လေယာဥ်ထွက်တော့မယ် လိမ်လိမ်မာမာ နေခဲ့နော် တာ့တာ ပါပါးသွားပြီ"

"ဟုတ်ကဲ့ပါ ပါပါးရဲ့ သားလိမ်လိမ်မာမာနေမှာပါ ပါပါးသာ ကျန်းမာရေး ဂရုစိုက်နော် ပြီးတော့အလုပ်တွေကို နင်းကန်မလုပ်နဲ့ နားနားနေနေ လုပ် သားကိုလည်းစိတ်မပူနဲ့ သားကိုစိတ်ချ ပါပါးသာ အလုပ်တွေပြီးအောင်လုပ်ပြီး ကျန်းကျန်းမာမာနဲ့ သားဆီပြန့လာခဲ့ သိပြီလား တာ့တာ ပါပါး"

"အေးပါ ပါပါးသား လိမ္မာ လေးရယ် ပါပါးသွားတော့မယ် နော် တာ့တာ ပါပါးဟိုရောက်တာနဲ့ ဖုန်းဆက်လိုက်မယ် "

"ဟုတ်ကဲ့ ပါပါး တာ့တာ "

ဆော့ဂျင်တို့လည်း ပါပါးကိုလေယာဥ်ကွင်းဆီ ပို့ပြီးတော့ တသိပ်သိပ့် ငိုနေတဲ့ ဆော့ဂျင်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ပန်းခြံလိုက်ပို့ပေးသည်

"ဆော့ဂျင် အရမ်းမဆော့နဲ့လေ မင်းကလည်းကလေးကျနေတာပဲ မင်းကိုလိုက်ထိန်းနေရတယ် "

"ဂျောင်ကု ကျေးဇူးပြုပြီး ငါ့ကိုမတားပါနဲ့ ငါစိတ်ပင်ပန်းလို့ပါ"

ဂျောင်ကုဖြစ်ပေါ်နေတဲ့စိုးရိမ်စိတ်တွေကိုမသိကျိုးကျွံပြုပြီး ဆော့ဂျင်ကို ရွှတ်နောက်နောက်လေးမေးလိုက်တယ်


"အံမယ် မင်းက ကြီးကြီးကျယ်ကျယ် စိတ်ပင်ပန်းတယ်တဲ့ ပြောစမ်းပါဦးကွာ မင်းရဲ့ စိတ်ပင်ပန်းရတယ်ဆိုတဲ့ အကြောင်းအရင်းကို".

"ဂျောင်ကု မင်းဘာလို့ ပါပါး နိုင်ငံခြားကို သွားလဲသိလား မင်းသိမှာပါ"

"မင်းပြောမှသိမှာလေ ဆော့ဂျင်ရဲ့ မင်းဘာတွေသိထားလို့လဲ ငါ့ကိုပြောပြလေ"

"ငါ့ ပါပါးက သွေးကင်ဆာဖြစ်နေလို့ နိုင်ငံခြားမှာ ဆေးသွားကုတာလေ ငါ့ကိုစိတ်မကောင်းဖြစ်မှာဆိုးလို့ ဆိုင်ခွဲဖွင့်မို့ သွားတာလို့ပြောတာ "

"ဟင် ဆော့ဂျင် မင်းဘလိုသိသွားတာလဲ"

"ငါလည်း အိမ်ရှင်းတဲ့ အချိန်မှာ တွေ့တာ ပါပါးရဲ့ ဆေးစာရွက်တွေကို ပါပါး အကောင်းတိုင်းပြန်လာနိုင်ပါ့မလား ငါလေ ငါလေ
ဟီး.. ငါ. ငါ. ငါ တကယ် မခံစားနိုင်ဘူးကွာ အီးဟီး...ငါ့မှာလေ ပါပါးပဲ ရှိတော့တာ ခု ပါပါး
ပါပါးက ပါငါ့ကိုထားသွားတော့မယ်ကွာ"

"ဆော့ဂျင်ရယ် မင်းတယောက်တည်းမဟုတ်ပါဘူးကွာ ငါရော ငါ့မိသားစုပါရှိတယ်လေ
ငါ့မာမီဆို မင်းကို အရမ်းချစ်တာလေ ဘာလို့ မင်းတယောက်တည်းဆိုပြီးတွေးနေရတာလဲ ငါလည်းရှိပါတယ်ကွာ မင်းမငိုပါနဲ့ မင်းမျက်ရည်တွေမြင်ရတာ ငါ့ရင်ထဲ ဘလိုကြီးမှန်းကို မသိဘူးကွာ မင်းမငိုပါနဲ့ကွာ နော် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

I purple you💜💜💜💜

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now