Part 14

1.1K 119 27
                                    

"ဆော့ဂျင်ရေလာထမင်းစားရအောင် လေ"

"အေးပါလာပြီနော် "

"ဂျောင်ကု ထမင်းစားပြီးတာနဲ့ စာတန်းလုပ်မှာလား ငါနားမလည်တာတွေရှိလို့ "

"အင်းလေ ငါရေချိုးလိုက်ဦးမယ် ခုနက ရေချိုးမယ်ဆိုပြီး ဟေယွန်း ကဖုန်းဆက်တော့ စကားပြောတာနဲ့ကြာနေတာ အာရုံတွေကွာ
သူက ငါ့ကို ဖွင့်ပြောထားတာလေ ငါက စိတ်မဝင်စားဘူး လို့ပြောတာကို မရဘူးကွာ လာပြီးတော့ ကပ်တွယ်နေတယ် ငါစိတ်တွေရှုပ်လိုက်တာကွာ "

"ဪ ဟုတ်လား ဟေယွန်း ကတောင် ငါ့ကိုပြောသွား​သေးတယ် မင်းနဲ့သူက လူကြီးချင်း သဘောတူထားတာတဲ့ ဟုတ်လား "

"ဟာ ဘယ်ကသာ မင်းသူပြောတာတွေကို မယုံနဲ့နော် သူ့မိဘ ဘက်က ငါ့ပုံစံကို သဘောကျနေတာလေ ငါကတော့ သူ့ကို စိတ်မဝင်စားဘူး ငါက မင်းလိုမျိုး ကျောပြင်ကျယ်ကျယ် ရှိတဲ့ သူတွေကိုသဘောကျတာလေ ဟင် မဟုတ်ဘူး Sorry
sorry ကွာ "

"ဟင် ဘာပြောလိုက်တာလဲ ငါမကြားလိုက်လို့ "

Dad -"သားတို့ ဘာတွေပြောနေတာလဲ ဒယ်ဒီ့ကိုလည်းပြောပါဦးကွ "

Jk-" ဒယ်ဒီ ဟေယွန်းက သူနဲ့သားက လူကြီးချင်းသဘောတူထားတာ ဆိုပြီး ဆော့ဂျင်ကိုပြောသွားတယ်တဲ့ ဒီကောင်မလေး နောက်ထပ်စည်းတွေကျော်လာရင် သားသည်းမခံတော့ဘူးနော်
ဒယ်ဒီ"

Dad -" အေးပါသားရယ် ဒယ်ဒီ သူ့အဖေကို သတိပေးထားလိုက်ပါ့မယ် "

Mom-" ဒီကလေးမနဲ့တော့ခက်ပြီ ကျမလည်းကြည့်မရပါဘူးရှင် ဖေကြီး ရှင်တခုခုတော့လုပ်သင့်ပြီ ကျမ သဘောကျတွေ့နေတဲ့ ကောင်လေးရှိတယ် ရှင်လည်းသဘောတူတယ်မလား ဖေကြီး "

Dad-" မေကြီး ကလည်းပြောစရာလိုသေးလို့လား
မေကြီးရဲ့သဘောက ဖေကြီးရဲ့ သဘောပဲလေ
မေကြီး စိတ်ဆင်းရဲအောင် ဖေကြီးက လုပ်ဖူးလို့လား မေကြီးသဘော မေကြီးသဘော "

Mom-" ဖေကြီး ကျမ သဘောတူတဲ့သူကလေ တစ်ခြားတော့မဟုတ်ပါဘူး သူက ကျောပြင်ကျယ်ကျယ်လေးလည်းရှိတယ် နှုတ်ခမ်းဖူးဖူးလေး လည်းရှိတယ် မျက်လုံးဝိုင်းဝိုင်းလေး လည်းရှိတယ် သိလားရှင့် ကုကုလေးနဲ့သိတယ် သူက.. "

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now