part-11

1.2K 115 26
                                    

ထိုလူကြီးရဲ့ မျက်နှာပေါ်သို့အရှိန်နဲ့ကျရောက်လာတဲ့ လက်သီးချက်များ ကြောင့် ထိုလူကြီးမှာခေါင်းပင်မဖော်နိုင်ပေ
jin လည်း ရုတ်တရက် သူ့ရှေ့မှာထိုးကြိတ်နေတာကြောင့်ဘညလုပ်ရမှန်းမသိပဲ တောင့်တောင့်ကြီး ရပ်မိနေတော့သည်

""အားးး""

ထိုလူကြီး ထအော်တော့မှ jin လည်းဝင်ဆွဲဖို့သတိရတော့သည်

"Jungkook ရယ် တော်ပါတော့ သူလည်းမှတ်လောက်သားလောက်ရှိသွားပါပြီကွာ တော်ပါတော့နော် ပြန်ရအောင်ပါကွာနော် Jungkook "

"ခဗျား ဘသူ့ကိုလာထိနေတာလဲ မှတ်ထားနောက်တစ်ခါသူ့ကိုထိရင် ခဗျားသေမယ်သာမှတ် ပြီတော့ နောက်တစ်ခါ ဒီနားမှာလုံးဝမမြင်ချင်ဘူး
တွေ့မိရင် တစ်ခါတည်းရဲလက်အပ်ပြစ်မယ် ခဗျားနားလည်လား"

""နား နားလည်ပါပြီ မနှောင့်ယှက်တော့ပါဘူး ""

ပြောပြီပြေးထွက်သွားသော ထိုလူကြီးကိုကြည့်နေတဲ့Jungkook ရဲ့အကြည့်တွေက မီးတောက်ပမာ ဟုန်းဟုန်းထနေသကဲ့သို့ ဒေါသမီးတလက်လက်နဲ့

Sj-" ဟို Jungkook ပြန်ကြရအောင်လေ ငါဗိုက်ဆာနေပြီ ဘာမှမစားရသေးဘူး မင်းလာခေါ််မယ်ဆိုလို့ ငါစောင့်နေတာ "

Jk -" မင်းကို မနက်က ငါလမ်းတွေသေချာပြထားတယ်လေ မင်းလိုက်မမှတ်ဘူးလား ပြီးတော့ မုန့်ဝယ်မစားထားဘူးလား အဆာပြေ "

Sj-" အော် အေးပါကွာ မင်းလာမယ်လို့ဘာလို့ပြောလဲ အင်းပြောတော့ ငါက စောင့်နေတောပေါ့ လာပြီးတော့ သွားတော့မယ်ကွာ ဗိုက်ကတော်တော်ဆာနေတာ ဗိုက်တောင်အောင့်နေပြီ "

jk -" ရော့ မုန့် ငါမုန့်လာဝယ်တာ မထင်မှတ်ပဲ မင်းကိုတွေ့တာ လာပြန်မယ် ပြီးတော့ မင်းကိုမေးရဦးမယ် ခုနက လူကို ယောက်ျားလေးချင်းချင်းပဲ ပြန်ချပါ့လားကွ မင်းဟာက ခုကြည့် မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

Sj -" မင်းကလည်း စကားမပြောပါနဲ့တော့ အိမ်မြန်မြန်ပြန်ရအောင်ကွာ ငါကသူ့ကိုမချနိုင်တာမဟုတ်ဘူး ငါနေမကောင်းဘူးကွ ဖျားချင်သလိုလိုဖြစ်နေတယ် ခေါင်းတွေလည်းမူးနေတယ် အဲ့တာကြောင့်ပါကွာ"

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now