Part-12

1.1K 123 31
                                    

ဂျောင်ကု တစ်ယောက် အိမ်ပြန်ရောက်လို့ ထမင်းစားပြီးတာတောင် အိမ်ပြန်မလာသေးတဲ့ ဆော့ဂျင်ကို စိတ်ပူလာသည် ဘယ်လောက်ပဲ ကြည့်မရပါဘူးပြောသော်ငြား ဆော့ဂျင်က ဒီရက်ကွက်က လမ်းတွေနဲ့ မရင်းနှီးသေးဘူးမဟုတ်လား တစ်ခုခုဖြစ်သွားမှာစိုးတဲ့စိတ်တွေကြောင့် ဘယ်လို့မှ အိပ်မရ စိတ်ပူလို့ လိုက်သွားတယ်လို့ မာမီ့်ကို ပြောရမှာလည်း ရှက်လို့ မုန့်သွားဝယ်မယ်ဆိုပြီး ထွက်ခဲ့တာ လမ်းမှာ မြင်လိုက်ရတဲ့ ဆော့ဂျင်ကို နှောင့်ယှက်နေတဲ့ ဟိုလူကြီးကို မြင်လိုက်ရတော့ စိတ်က ဘယ်လို့မှ မထိန်းနိုင်ပဲ ထိုလူကြီးကို စိတ်ရှိတိုင်းထိုးနှပ်မိလိုက်တာ ဆော့ဂျင် ကို ဆူမယ်လုပ်တော့ ဟိုလူကြီးကြောင့် တိုနေတဲ့စိတ်တွေက စိုးရိမ်နေတဲ့စိတ်တွေအသွင်တစ်ဖန်ကူးပြောင်းသွားပြန်ရော ခုတော့ ဆော့ဂျင်လည်း
ဆေးထိုးပြီးတော့ ဆေးအရှိန်ကြောင့်နဲ့ထင်တယ်
အိပ်ပျော်နေပါပြီလေ

ဂျောင်ကု တွေးရမတာက ဘာကြောင့်မို့ ဆော့ဂျင်ကို သူတအားစိတ်ပူနေရတာလဲ ဘယ်သူ့ကိုမှ စိတ်မပူဖူးတဲ့ စိတ်ပူတဲ့ ပုံစံမျိုးနဲ်ဆော့ဂျင်ကို စိတ်ပူမိတာ ရုတ်တရက်မို့လို့နေမှာပါလေ

ကိုယ့်စိတ်ကိုဝေခွဲနေတုန်း အိပ်ယာပေါ်မှာ အင့်ခနဲအသံထွက်လာတဲ့ ဂျင့်ကြောင့် ဂျောင်ကုစိတ်တွေကို ပစ္စုပ္ပန်ကိုသာ ပြန်ခေါ်လိုက်တော့သည်

" အင်း ဟင်း ပါပါး သားကို ထားမသွားနဲ့နော် သားကပါပါးကို အရမ်းချစ်တာသိတယ်မလား သားဆီကို ပြန်လာနော် "

အိပ်နေရင်းယောင်နေတဲ့ ဆော့ဂျင်ကြောင့် ဂျောင်ကု သက်ပြင်းအသာလေးချမိလိုက်သည်
သေချာပါတယ် ဆော့ဂျင် နေမကောင်းဖြစ်တာ သူ့ပါပါးကို လွမ်းလို့ လွမ်းဖျားလွမ်းနာကျ တာနေမှာ
မဖြစ်သေးပါဘူး စာမေးပွဲ ပြီးရင် စိတ်ပြေလက်ပျောက်ဖြစ်အောင် မာမီ့ကို ခရီးလေးထွက်ဖို့ ပြောဦးမှပါလေ

မနက်မိုးလင်း ကျေးငှက်တို့ရဲ့ အော်မြည်သံနဲ့အတူ ဖြာကျနေတဲ့နေရောင်ခြည်ရဲ့အလင်းရောင်ကြောင့် ဆော့ဂျင်ရဲ့ မျက်လုံးဝိုင်းဝို်ငးလေးတွေက တဖြည်းဖြည်း ဖွင့်ဟ လာခဲ့သည်အိပ်ရာပေါ်မှာ မထခင် ထိုးကိုက်လာတဲ့ ခေါင်းကြောင့် မျက်ခုံးလေးကို တွန့်ကာ မျက်လုံးလေးကို ပြန်မှိတ်ပြီး လက်ကောက်ကောက်လေး တွေနဲ့ ခေါင်းလေးကို နှိပ်နေတော့သည်

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now