Part 22

1.3K 102 21
                                    

"သားဆော့ဂျင် သားကိုမာမီပြောစရာရှိတယ် လာထိုင်ဦး "

"ဟုတ်မာမီ ဘာပြောမလို့လဲဟင် "

"ဪ သားပါပါး ပြန်လာတော့မယ် ဟိုမှာ ဆိုင်ကိစ္စတွေ အဆင်ပြေသွားပြီတဲ့ ပြီးတော့ သားနဲ့ကုကုလေးနဲ့ကို စေ့စပ်ပေးထားချင်လို့တဲ့ လက်ထပ်တာကတော့ ကျောင်းပြီးမှ လက်ထပ်တဲ့ အဲ့ဒါသားနဲ့ကုကုလေးက ဘယ်လိုသဘောရလဲသား
ကုကုလေးနဲ့တိုင်ပင်လိုက်ဦး သား "

"ပါပါး တကယ်ပြန်လာတော့မှာလား သားတို့နှစ်ယောက်ကိစ္စကတော့ မာမီတို့ လူကြီးတွေသဘောပါ မာမီတို့ ကြိုက်သလိုစီစဥ်ပါ သားအတွက်အဆင်ပြေပါတယ် "

"အင်းပါ သားတို့အဆင်ပြေတယ်ဆိုရင် ရပါပြီ သားရယ် "

"မာမီ ဒါဆိုသားအပေါ်ကိုသွားတော့မယ်နော် မာမီ"

"အေးအေး သားလေး မာမီ လည်းအပြင်သွားမလို့
ချိန်းထားတာရှိတယ် မာမီရော ဒယ်ဒီရော နောက်ကျမယ် မင်းညီလေးကတော့ မနက်က
သူ့ဒေါ်လေးလာခေါ်လို့လိုက်သွားတယ် အိမ်မှာ သားနဲ့ ကုကုလေး ပဲရှိမှာ တံခါးကိုပိတ်ထားလိုက် မာမီသော့အပိုယူသွားတယ် အိမ်ပြန်တာနောက်ကျမှာဆိုတော့ ပြန်လာချင်မှလည်းပြန်လာမယ် သားတံခါးတွေသေချာပိတ်ထားလိုက်နော်
မာမီ အချိန်မရလို့ သားတို့ထမင်းစားဖို့မလုပ်ခဲ့ရဘူးသားရယ် သားတို့အဆင်ပြေသလိုလေးစားလိုက်နော် မာမီအပြင်ကပြန်လာမှ အတိုးချ ချက်ကျွေးမယ် မာမီသွားပြီနော် သားစိတ်ချမယ်နော် တာ့တာ"

"ဟုတ်ကဲ့ပါ စိတ်ချပါ မာမီရဲ့ သားတို့တွက်စိတ်မပူနဲ့နော် တာ့တာ "

ဒေါက် ဒေါက် ဒေါက်

"Kook မင်းအခန်းထဲမှာလားပြောစရာရှိလို့ တံခါးဖွင့်ဦး Kook ကြားလားလို့

ဟင် ပြန်လည်းမဖြေဘူး မရှိဘူးလားမသိဘူး ဒါဆိုလည်း ပြီးမှပဲ လာတော့မယ် "

"အ့....  အမလေး မြတ်စွာဘုရား
kookနဲ့ငါနဲ့ အမြန်ညား..."

ဆော့ဂျင် ​အခန်းကိုပြန်မယ်ဆိုပြီး ဂျောင်ကုအခန်းရှေ့ကနေ အလှည့် တံခါးပွင့်လာပြီး
သူ့ရဲ့ လက်ကိုရုတ်တရက်လာဆွဲသော ဂျောင်ကုကြောင့် လန့်ကာ မျက်လုံးမှိတ်ပြီးပါးစပ်ကလည်းယောင်ကာ အော်တော့သည်

ဟင်း ဟီးဟီး

"အသဲ ကိုယ်ပါ ကို့နဲ့ တကယ်ပဲ မြန်မြန်လက်ထပ်ချင်နေပြီလားပြော ယောင်တာလေးကလည်းချစ်စရာလေး ဘာတဲ့ 'အမလေးမြတ်စွာဘုရား '
ပြီးေတာ့ဘာ 'Kook နဲ့ ငါနဲ့...."

"Kook တော်တော့ကွာ မင်းက ရုတ်တရက်လက်ကိုလာဆွဲတော့ လန့်ပြီတော့ ယောင်ပြီးပြော ပြောမိပြောရာ ပြောထွက်သွားတာပေါ့ကွ မင်းဘာလို့ လာနောက်လည်း ငါခေါ်တုန်းကကြတော့ မထူးပဲနဲ့ သူပဲ ရုတ်တရက်လာဆဲပြီးတော့ သူများကို လာပြီး အွန့် "

ဆော့ဂျင်ရဲ့ထပ်ပြီးတော့ ရန်တွေ့မဲ့စကားများသည် ဂျောင်ကုကြောင့်  လည်ချောင်းထဲပင် နင်သွားရသည် ကြင်ကြင်နာနာနဲ့ နက်နက်ရှိုင်းရှိုင်းရလိုက်သောအနမ်းတစ်ခု ဆော့ဂျင်အချိန်တွေကို ခဏလောက်ရပ်ထားလို့ရရင် ရပ်ထားလိုက်ချင်သည် ဆော့ဂျင်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ချစ်ရသူဆီကရတဲ့ အကြင်နာအနမ်းတစ်ခုပေါ့
.



                   ~~~~~~~~~~~~~~~

ဟီးဒါဒါလေးတို့
ပေါ်တော်မူကြီးလာပါပြီလို့်😁😁😎
up ပေးတာ တော်တော်နောက်ကျသွားတယ် Sandarအမရဲ့ မင်္ဂလာဆောင်ရှိလို့
မန္တလေး ကိုရောက်နေတာကြောင့်ရော
ရေးရမှာ အပျင်းတစ်တနတာကြောင့်ရော
တော်တော်ကိုပျောက်သွားတာ
နောက်ဆိုရင်တော့ up မှန်ပါတော့မယ်နော်
နည်းနည်းတော့တိုသွားတယ်
မျှော်နေတဲ့သူတွေရှိလားဟင်🤔

I Love you💕💕💕💕💕💕💕💕💕💕💕

I purple you💜💜💜💜💜💜💜💜💜💜💜

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now