Part-15

1.1K 116 19
                                    

Mom-" သားတို့ရေ တံခါးဖွင့်ဦး  မာမီလာပြီနော်
ဟော ကလေးနှစ်ယောက်က အိပ်နေပြီပဲ ဟယ်ကြည့်ပါဦး ချစ်စရာလေးတွေပဲ ကလေးလေးတွေကြနေတာပဲ အပြစ်ကင်းလိုက်တာ သူတို့ကို ဓာတ်ပုံလေး ရိုက်ထားဦးမှ အမလေး နတ်ဖတ်တဲ့စုံတွဲဆိုတာ ကုကုလေးနဲ့ ဂျင်လေးကိုပြောတာနေမှာ ဟိဟိ"

Dad-" မေကြီးရေ ကိုယ်ပြောစရာရှိသေးလို့ ခဏလာ..."

Mom-"ရှူးးး   ဖေကြီး တိုးတိုးနေ ဒီမှာ ကလေးတွေအိပ်နေတယ် နိုးသွားမယ် ဖေကြီးရယ် ကြည့်ပါဦး ကလေးတွေ​က မလိုက်ဖက်ဘူးလားဟင်
ကျမလေ သူတို့ကို မြန်မြန်တောင် လက်ထပ်ပေးချင်လာပြီ"

Dad-" မေကြီးရဲ့ နေပါဦး သားတို့ရဲ့သဘောကိုလည်းမေးဦးလေ အတင်းကြီး သွားမစီစဥ်ပါနဲ့ "

Mom-" ဘာလဲ ရှင်က သဘောမတူလို့လား "

Dad -"ကိုယ်က သဘောမတူလို့ပြောတာမဟုတ်ဘူးလေ ကလေးတွေကို ဒီ့ထက်ပိုပြီး ရင်းနှီးအောင်လုပ်ရမယ်လေ သူတို့တွေ ဒီ့ထက်ပိုပြီး ရင်းနှိးတော့ သံယောဇဥ်တွေပိုရှိလာရင် လက်ထပ်မဲ့ ကိစ္စ ပြောရတာပိာလွယ်သွားတာပေါ့ ဖေကြီးပြောတာမှန်လား မေကြီး အလောကြီး သွားစီစဥ်လိုက်ရင် အကုန်လုံး လွဲသွားမှာဆိုးလို့လေ"

Mom-"ဟုတ်တယ်နော် ဖေကြီး ရှင်ပြောတာမှန်တယ် သူတို့ကို ရင်းနှီးအောင်.....  အင်း
ခရီးတစ်ခုလောက်သွားရင်မကောင်းဘူးလား
နောက်အပတ် ထဲမှာသူတို့စာမေးပွဲရှိတယ်ဆိုတော့ စာမေးပွဲ ပြီးရင် စိတ်​ပြေလက်ပျောက်ဆိုပြီး လိုက်ပို့ရမယ် "

Dad -"အင်းပါ မေကြီးသဘော အဆင်​ပြေသလိုလုပ် ခုတော့ သွားအိပ်ရအောင်လေ ကလေးတွေလည်းအိပ်နေပြီဆိုတော့ ကိုယ်တို့စကားပြောသံတွေကြောင့်နိုးသွားဦးမယ် လာအခန်းထဲသွားမယ်"

Mom-" အင်းအင်း သွားမယ်ခနလေး camera သွားယူပေးဦး  ကလေးတွေအိပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်မို့"

Dad -" မေကြီး သဘောပါဗျာ........

မေကြီး camera ရပြီ ရော့"

"အင်း "

ချလပ် ချလပ်

"ok ရပြီ ဖေကြီးလာသွားမယ် ကလေးတွေအိပ်ပါစေတော့ "

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now