Part 21

1.4K 93 10
                                    

Jk-" အသဲ ပစ္စည်းတွေစုံပြီလား သေချာစစ်နော် ဆေးရုံမှာ ကျန်နေခဲ့မယ် ကြားလား "

Sj-" လူကို ပိုင်စိုးပိုင်နင်းနဲ့ လူကို ဘာအသဲလည်း ငါကဖြင့် မင်းကို အဖြေတောင်မပေးရသေးတာကို "

Jk-" မင်းအဖြေမပေးရသေးလဲခေါ်မှာပဲ မင်းက ငါ့အပိုင်ပဲ သိုးပေါက်ရဲ့ မင်းအဖြေမပေးရသေးလဲ နောက်ပိုင်း မင်းငါ့ကို လက်ထပ်ရမှာပဲ မင်းကိုပဲ ငါကလက်ထပ်မှာ မင်းတစ်ယောက်တည်းကိုပဲ မင်းကို မချစ်မိခင်က မင်းကို ကြည့်မရဘူး မင်းက ရှပ်ပြာရှပ်ပြာ နိုင်တယ်လို့ထင်ခဲ့ရပေမဲ့ ခုတော့အဲ့လို့ ရှပ်ပြာရှပ်ပြာ နိုင်တဲ့မင်းကို ပျောက်ကွယ်သွားမှာ ဆုံးရှုံးသွားမှာ ငါ့အနားကနေ မပြောမဆိုနဲ့ ပျောက်ကွယ်သွားမှာ ငါအရမ်းကြောက်နေမိပြီ သိုးပေါက်ရယ်"

ဂျောင်ကုရယ် မင်းငါ့ကို အရမ်းတွေမခြွေပါနဲ့ကွာ ငါက မင်းမခြွေခင်ထဲက မင်းကိုချစ်လွန်းလို့ ကြွေကျခဲ့ရတဲ့ကောင်ပါကွာ မင်းကလေ တကယ့်လူဆိုးလေးပဲ မင်းကလေ ငါတနေရာရာ ထိခိုက်မိရင်တောင်မှ ငါမပြောပဲမင်းကသိတယ် ခုလို ငါမင်းကို ချစ်နေတာကြာပြီဆိုတဲ့ မင်းလိုချင်တဲ့ အချက်ကိုကြတော့ မြင်အောင်မကြည့်ဘူး မင်းကလေ လည်မလိုလိုနဲ့ တော်တော်တုံးတဲ့ ယုန်ပေါက်ပဲ

Sj-" ဂျောင်ကု ငါဆေးရုံကဆင်းရင် အိမ်တန်းမပြန်ချင်သေးဘူး ဟန်မြစ်နားကို သွားချင်သေးတယ် လိုက်ပို့နော် "

Jk-" သခင့်ရဲ့ အမိန့်တော်တိုင်းပါဗျ "

Sj-"ဟီးဟီး "

ဆော့ဂျင်တကယ်ကိုပျော်မိပါသည် ကိုယ်ချစ်နေတဲ့သူဆီက ဂရုစိုက်ခံရပြီးတော့ သူ့ဆီကနေပဲ ကိုယ့်ကိုချစ်နေပါတယ်ဆိုပြီး ဖွင့်ပြောခံရတာလေ သူမတူအောင်ကိုပျော်တာပေါ့ သူ့ဘဝတစ်လျှောက်လုံးမှာ ဂျောင်ကုသာဘေးနားရှိရင် ပြည့်စုံပါပြီ ဘာဆိုဘာမှ မလိုအပ်တော့ဘူး

Jk-" ဆော့ဂျင် ဟန်မြစ်ကိုရောက်ပြီ ဆင်းလေ "

Sj-" အင်း လာတူတူသွားရအောင် "

Sj-" ဝါးး ဟန်မြစ်ကြီးက လှလိုက်တာကွာ ဟော ဂျောင်ကု ဟိုမှာ ရေခဲမုန့်ဆိုင် လာသွားစားရအောင် လာဂျောင်ကု "

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now