part-10

1.4K 111 12
                                    

"မာမီ ဂျောင်ကုက အဲ့လိုပဲ စောစော အိပ်ရာဝင်တာလား "

"ဟုတ်တယ် jinလေးရေ
ကုကုလေးက စာလုပ်ပြီးအိပ်တာလေ
မိသားစု စုံစုံလင်လင်လေးရှိတဲ့ချိန်တောင်မနေဘူး စာမရမှာစိုးလို့တဲ့လေ "

"ဟုတ်လား
ဂျောင်ကုကကျောင်းမှာ top 1 ကျောင်းသားဟာကို စာလုပ်မပြတ်ဘူးနော် အမှန်တမ်းပြောရရင် သားက ဂျောင်ကုကို အားကျနေတာ
သားလညကျောင်းမှာ top1ေလ နောက်ဆုံးကရီရင် ဟီး"

"သားနဲ့ ဂျောင်ကုနဲ့က အတန်းတူတူပဲမလား "

"ဟုတ် ဒယ်ဒီ အတန်းကတော့ တူတူပဲ အခန်းကတော့ ဒီလ လပတ်စာမေးပွဲ မှာ အမှတ်နည်းတဲ့သူက အခန်း ပြောင်းရမှာ သားတော့ အခန်းပြောင်းရမယ်ထင်တယ် ဟီး "

"ဟုတ်လား ဂျင်လေး ဒါဆို သားက ကုကုနဲ့တူတူစာလုပ်လေ သားလည်းစာရတာပေါ့ မသိတာရှိရင်လည်း ကုကုလေး ကိုမေးပေါ့ သားတို့က အတန်းတူတူပဲဟာ"

"ဟုတ်ကဲ့ မာမီ ဒါမဲ့ ဂျောင်ကု က အဆင်ပြောပါ့မလား အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ "

"ဘာလို့ဖြစ်ရမှာလဲ ဂျင်လေးရဲ့ မာမီပြောထားလိုက်မယ် နော် "

"ဟုတ်ကဲ့ မာမီ
ဒါဆို သားအိပ်တော့မယ်နော်
goodnight မာမီ နဲ့ ဒယ်ဒီ "

mom&dad - "အေးအေး ဂျင်လေး "

*ဂျင်ကတော့ အခန်းထဲရောက်တာနဲ့ အိပ်နေတဲ့ သူ့ရဲ့ချစ်ရသူကြီးကို ကြည့်ပြီး ရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲနေရောပေါ့ မနက်ရောက်ရင် ကျောင်းတူတူသွားရမယ်ဆိုတဲ့ အကြောင်းကိုတွေးရင်း အပျော်ကြီးပျော်နေတော့သည်*

#ဟင်း ကင်ဆော့ဂျင်ရေ
ဒီညတော့ မင်းအတွက် အိပ်ပျော်ပါ့မလား
အိပ်မပျော်လည်း အိပ်ရမှာပဲ မနက်ရောက်လို့ ကျောင်းသွားရင် နောက်ကျနေမှဖြင့်
မဖြစ်ပါဘူးလေ စောစော အိပ်ရမယ် #

^မနက်ရောက်သော်^

"ဆော့ဂျင်ရေ ပြီးပြီလား
ကျောင်းသွားဖို့နောက်ကျနေတော့မယ် မြန်မြန်လုပ် ဟ"

"အေးပါကွာ ဂျောင်ကု ကလည်းပြီးပါပြီကွ"

"ဆော့ဂျင် ငါပြောပြီးသားနော် မင်းနဲ့ငါနဲ့ တူတူနေတာ ကျောင်းက ဘသူ့မှ မသိစေနဲ့နော်
သိသွားလို့ကတော့ မင်းနဲ့ငါ နဲ့ တွေ့မယ်
ပြီးတော့ ခုငါနဲ့သွားမဲ့ လမ်းတွေကို မှတ်ထားပါ မနက်ဖြန်ကစပြီး မင်းဘာသာ တစ်ယောက်တည်းသွားရမှာမို့လို့ ကြားလား "

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now