Part -24 (final🤗)

1.9K 82 4
                                    

ဒီနေ့က ကျတော်နဲ့ kook တို့ရဲ့ 10 years Anni လေ ကျတော်အရမ်းပျော်တာပဲ အခုဆိုရင် ကျတော်တို့မှာ ချစ်စရာ သားသားလေးနဲ့ မီးမီးလေး တို့အမွှာပူး လေးတွေလည်းရှိနေပြီ တကယ်တော့ သားနဲ့သမီးက ကျွန်တော်နဲ့ kookတွက် နတ်ဘုရားတွေဖန်ဆင်းပေးလိုက်တဲ့ လက်ဆောင်မွန်လေးတွေလိုပဲ ကျွန်တော်တို့နဲ့ ရေစက်ဆုံလို့ တွေ့ရခြင်းမျိုးပဲ

ကျွန်တော်နဲ့kookနဲ့ 5 years Anni တုန်းက ကျွန်တော်တို့တူတူ မိဘမဲ့ဂေဟာတစ်ခုမှာ အလှူသွားလုပ်ခဲ့ကြတယ် အဲ့နေ့မှာပဲ သားသားနဲ့မီးမီးကိုတွေ့တာပဲ ဖြစ်ချင်တော့ သားသားနဲ့မီးမီးက အဲ့နေ့မှာပဲ ဂေဟာကိုစရောက်တာ
ဂေဟာမှူးက ကျွန်တော်တို့ကို ကလေးတွေလိုက်ပြတော့ ကလေးတွေအားလုံးထဲမှာ သားသားနဲ့မီးမီးက ကျွန်တော်တို့ကို တွေ့တွေ့ချင်း ပြုံးပြနေလိုက်တာဗျာ အဲ့တာနဲ့ ကျတော်နဲ့kookလည်း တိုင်ပင်ပြီး မွေးစားလိုက်တယ်ဗျာ မာမီနဲ့ဒယ်ဒီကလည်း သားနဲ့သမီးကို အရမ်းချစ်ကြတယ်လေ

Jk-"ဂျင်ရေ ကိုယ်ပြန်လာပြီဟေ့

Sj-"အင်းအင်း kook ငါလာပြီ "

Sj-"ရော့ ရေသောက်လိုက်ဦး ငါ့ယောက်ျားလေး ပင်ပင်ပန်းပန်းနဲ့အလုပ်က ပြန်လာတာ မောနေပြီလားဟင် "

Jk-"အင်း ကိုယ့်ရဲ့ အသည်းနှလုံးက ရေတိုက်မှတော့ အမောပြေတာပေါ့ ဒါပေမဲ့ နည်းနည်း မောနေတုန်းပဲ "

Sj-"ဟုတ်လား ဒါဆို အမောပြေသွားအောင် ဘာလုပ်ပေးရင်ကောင်းမလဲ ဟာ ဟုတ်ပြီ
ရွှတ် အခုရော အမောပြေပြီလား "

Jk-"ဒါပေါ့ ကုမ္ပဏီမှာ ပင်ပန်းသမျှက Jin လေးရဲ့အနမ်းကြောင့် ပင်ပန်းတာမှန်သမျှယူပစ်လိုက်သလိုပဲ သိလား"

Jinnie -" အဟင်း အဟင်း အဟင်း
ဒယ်ဒယ်နဲ့ပါပါး မပြောသေးဘူးနော် အိမ်ပေါက်ဝကြီးမှာ ဘာလုပ်နေတာလဲ "

Sj-"ဘာလုပ်ရမှာလဲ ပါပါးက Jinnie ရဲ့ဒယ်ဒယ်ပြန်လာတာကို ကြိုနေတာလေ -"

Jinnie-"သိပါဘူး မီးက ပါပါးနဲ့ဒယ်ဒယ် ဘာလုပ်နေတာလဲလို့ ဘာမှမလုပ်ရင်လဲပြီးတာပါပဲ တော်ကြာလုပ်နေရင် အိမ်ပေါက်ဝကြီးမှာ မကောင်းဘူးလို့ ဟီးဟီး "

အချစ်ရဲ့ ကျေးကျွန်Where stories live. Discover now