chapter~4

1.4K 206 3
                                    


Unicode

နျဲ့မိသားစု၏အိမ်သည် Bမြို့၏ အစွန်အဖျား‌တွင် တည်ရှိသည်။
ဝေးလံခေါင်သီသော်လည်း ဤဒေသရှိ မြေဈေးသည် ဈေးပေါသည်ဟု မဆိုလို‌ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဒီဧရိယာမှာ နေထိုင်နိုင်တဲ့သူတွေဟာ ကြွယ်ဝချမ်းသာပြီး အဆင့်အတန်းရှိကြသည်။ ၎င်းသည် ကျော်ကြားသော သီးသန့်ဇိမ်ခံဥယျာဉ်နယ်မြေတစ်ခု ဖြစ်သည်။

ကားက ဗီလာ၏ဂိတ်‌ပေါက်မှ ဖြည်းဖြည်းချင်း ဝင်သွားရာ အစေခံနှင့် အိမ်ဖော်များက သူတို့ကို ကြိုဆိုကြသည်။ ကုပိုင်၏ခန္ဓာကိုယ်ထဲရှိ ဆေးအာနိသင်က လျော့ပါးသွားသော်လည်း အကျိုးဆက်က ရှိနေဆဲပင်။ သူ့တစ်ကိုယ်လုံး အားတစ်စက်မှမရှိဘဲ ပျော့ခွေနေသည်။ အခန်းထဲကို သူ့ဘာသာ ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

နျဲ့ချင်းချန်သည် သူ့ကို ကားပေါ်က ချပေးဖို့ ဂရုမစိုက်ဘဲ သူ့အလုပ်ကိစ္စကိုပဲ အရေးစိုက်နေတာမြင်တော့ ကုပိုင်က သူ့သတ္တိကို တဖန်မြှင့်တင်လိုက်ပြီး တစ်ဖက်လူ၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ကာ သနားစဖွယ် မျက်လုံး‌လေးများဖြင့် ကူညီပေးဖို့ အသနားခံလိုက်သည်။

"..... သောက်ရမ်းစိတ်ရှုပ်စရာကောင်းတယ်! "

နျဲ့ချင်းချန်သည် သူ့အမူအရာ ခက်ထန်လာပြီး မျက်မှောင်ကြုပ်ကာ အော်ဟစ်လိုက်သော်လည်း အစေခံတွေကို နောက်ဆုတ်ဖို့ လက်ဟန်ပြလိုက်ပြီး သူ့ကို ကောက်ပွေ့ကာ အခန်းထဲသို့ လိုက်ပို့‌ပေးခဲ့သည်။

သို့သော် ကောင်‌‌လေးက သူ့ရင်ခွင်ထဲမှာ နူးညံ့နေသလို ခံစားလိုက်ရသည်။
သူနှင့် နီးကပ်နေသည့်ခံစားချက်က သူ့ကို ရှင်းမပြတတ်အောင် ကျေနပ်စေသည်။

လုရုံချင်း နျဲ့မိသားစုအိမ်သို့ ပထမဆုံးရောက်လာတဲ့အချိန်ကို သူ မှတ်မိသေးတယ်။ အဲဒီတုန်းက သူက ကလေးပဲ ရှိသေးတယ်။ သူက စကားနည်းပေမယ့် အရမ်းလိမ်မာပြီး နာခံတတ်တယ်။ ဒါပေမဲ့ သူ ဒီလိုမျိုး ကြီးပြင်းလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?

သူ့ကို ကုတင်ပေါ်တင်လိုက်ပြီး နျဲ့ချင်းချန်သည် လူငယ်‌လေး၏ချွေးများ ပေသွားသည့် သူ့ဝတ်စုံကို ကြည့်ကာ စိတ်ကသိကအောက် ဖြစ်သွားသည်။ သူသည် ကိုယ့်ကိုကိုယ် မနှိပ်စက်ဘဲ မနေနိုင်တဲ့သူလို့ တိတ်တဆိတ် ခံစားလိုက်ရသည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now