unicode
ကုပိုင်သည် သူ့လျှာ၏အတင်းတိုးဝင်မှုကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ သူ အရင်က မှန်းဆမိပေမယ့် အခုတော့ သေချာသွားခဲ့ပြီ။ သူ နျဲ့ချင်းချန်ကို မရည်ရွယ်ဘဲ ကွေးလိုက်မိပြီ!
အခုအချိန်မှာ ခန္ဓာကိုယ်က လုရုံချင်းရဲ့ဟာဆိုပေမယ့် သူ့ဝိညာဉ်က အထဲမှာရှိနေသည်။ ဒီခန္ဓာကိုယ်က သူ ထိန်းချုပ်ထားတာဖြစ်တာကြောင့် အခြေခံအားဖြင့် သူ့ခန္ဓာကိုယ်နှင့် သိပ်မကွာပေ။ သူ့ဝိညာဉ်က နျဲ့ချင်းချန်၏အသက်ရှူသံကို ရှင်းရှင်းလင်းလင်း ခံစားရသည်။
အကြောင်းအရင်းအချို့ကြောင့် ကုပိုင်သည် အလွန်ဆိုးရွားသော ခံစားချက်မျိုးရနေသည်။ ဒီလူက အရာအားလုံးကို လွှမ်းမိုးနိုင်ပြီး သူ့စိတ်ဝိညာဉ်ကို ဝါးမျိုသွားသလို ခံစားနေရသည်။
သူ မတတ်နိုင်ဘဲ ထိုလူ၏ခြေကျင်းဝတ်ကို ဆောင့်ကန်လိုက်သည်။ နျဲ့ချင်းချန် နာသွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ ထွက်ပြေးလိုက်သည်။
ကံမကောင်းစွာပဲ သူ ခြေလှမ်းနှစ်လှမ်းထက်ပိုမလှမ်းရသေးခင်မှာ သူ့နောက်ကလူက သူ့ခါးကို လှမ်းဆွဲပြီး မြေကြီးပေါ်မှ ကောက်မလိုက်သည်။ ထို့နောက် သူ ကားစက်ခေါင်းအဖုံးပေါ်သို့ ပစ်ချခံလိုက်ရသည်။
" နျဲ့ချင်းချန်၊ ခင်ဗျား... "
ကုပိုင် အစွမ်းကုန် ရုန်းကန်လိုက်သည်။
ကံမကောင်းစွာပဲ သူ စကားမဆုံးသေးခင်မှာ တစ်ဖက်လူက သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်လေသည်။သူ နျဲ့ချင်းချန်၏လျှာကို ကိုက်လိုက်ရာ သူတို့နှုတ်ခမ်းနှင့်သွားများကြားတွင် သွေးနံ့များ ပျံ့နှံ့လာသည်။ သူက တစ်ဖက်လူ နောက်ဆုတ်သွားအောင် တွန်းအားပေးချင်ခဲ့တာဖြစ်သည်။
သို့သော်လည်း နျဲ့ချင်းချန်က သူ့ကို တင်းတင်းကြပ်ကြပ် ဖိထားဆဲပင်။ သူသည် သူ့ကို ခွန်အားရှိသမျှသုံးပြီး ပွေ့ဖက်ကာ နမ်းနေခဲ့သည်။ ကုပိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏နီရဲနေသော မျက်လုံးများကိုသာ တွေ့လိုက်ရသည်။

ESTÁS LEYENDO
ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်
AventuraMyanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwxc Publisher : www.readnovelfull.com This story is NOT MINE. I just translated. All credits go to the original author and the eng translator...