Unicode
ကုပိုင်သည် ငတုံးမဟုတ်သလို EQ နိမ့်ပါးနေသူလည်း မဟုတ်ပေ။
နျဲ့ချင်းချန်၏အပြုအမူကို ကြည့်ပြီး မကြာမီ ထိုလူ ကွေးတော့မည်ကို သိလိုက်ရပြီး ထိတ်လန့်သွားသည်။ ဒါ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။
သူသည် နျဲ့ချင်းချန်၏ပေါင်ကို ဖက်တွယ်ချင်သော်လည်း နျဲ့ချင်းချန်၏ အိပ်ရာပေါ်သို့ မတက်ချင်ပေ။ အိပ်ရာပေါ်မှာ ဖိခံရဖို့မဟုတ်ဘဲ မစ်ရှင်လုပ်ဖို့ သူ ဒီကိုရောက်နေတာ။
နျဲ့ချင်းချန် သူ့ကိုယ်သူ သတိမပြုမိခင်သူ ဒီအမှားကို မြန်မြန်ပြင်ပေးရမယ်!
ထိုသို့တွေးပြီးနောက် ကုပိုင်သည် နျဲ့ချင်းချန်ဆီကနေ တဖြည်းဖြည်း ခပ်ခွာခွာနေလိုက်သည်။ သူက သူ့ပေါင်ကို ဖက်တွယ်ထားဆဲဖြစ်ပေမယ့် အကွာအဝေးတစ်ခုတော့ ခြားထားရမည်။
သို့သော်လည်း နျဲ့ချင်းချန်က သူ့ကို ပိုပိုပြီး သဘောကျလာပုံရသည်။
ဥပမာအားဖြင့် အမြဲတည်ကြည်လေးနက်သော နျဲ့ချင်းချန်သည် မကြာသေးမီက ပို၍ပို၍ပြုံးနေခဲ့သည်။ သူ့ကို ပိုပိုပြီး ညင်သာစွာ ပြောဆိုဆက်ဆံလာခဲ့သည်။ ကုမ္ပဏီက ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ မိုးထဲလေထဲမှာတောင် သူ့ကို ကျောင်းအပို့အကြို လုပ်နေဆဲပင်။
ထမင်းစားသည့်အခါတွင်လည်း သူ့မျက်နှာကို ငေးကြည့်နေရတာ သဘောကျပုံရသည်။ သူ့နဖူးကို မကြာခဏ နမ်းလေ့ရှိသည်။ တစ်နေ့တွင် သူက သူတို့ရဲ့ညီအစ်ကိုဆက်ဆံရေး တိုးတက်လာစေရန် သူနှင့်အတူတူအိပ်ပြီး တစ်ညလုံး စကားပြောရန်ပင် အဆိုပြုလာခဲ့သည်!
ကုပိုင်သည် ကျောရိုးအောက်တစ်လျှာက် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူရဲ့ဖြူစင်မှုက အန္တရာယ်ရှိလာပြီ။
လုရုံချင်းရဲ့ ပျော့တိပျော့ဖက် ခန္ဓာကိုယ်ကိုသုံးပြီး ကြွက်သားရှစ်ခုနဲ့လူကြမ်းကြီးကို သူ့အောက်မှာ ဖိထားနိုင်မယ်လို့တော့ သူ မထင်ဘူး။

أنت تقرأ
ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်
مغامرةMyanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwxc Publisher : www.readnovelfull.com This story is NOT MINE. I just translated. All credits go to the original author and the eng translator...