chapter~>5

1.3K 206 2
                                    


Unicode

ဝူကျန်းကျန်း၏ အကြံအစည်များနှင့်ပတ်သက်၍ ကုပိုင်သည် တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်များကို စဉ်းစားထားပြီးဖြစ်သည်။ သူက တခြားနည်းလမ်းဖြင့် ရင်ဆိုင်ရန် မရည်ရွယ်ထားပေ။ သူ့ထောင်ချက်နှင့်သူပြန်မိစေခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ဝူကျန်းကျန်းသည် အတိတ်တုန်းကလို ရိုးစင်းသော မိန်းကလေး မဟုတ်တော့ချေ။ မည်းနက်လာသော ဝူကျန်းကျန်းသည် အရင်ဘဝက သူမကို သတ်ခဲ့တဲ့ တရားမဝင်သမီးနှင့် မထူးမခြားနားပင်။ သူမက ပိုတောင် ရက်စက်‌သေးသည်!

အရင်ဘဝက မှတ်ဉာဏ်တွေကြောင့် သူသည် ရုတ်တရက် သူ့ပုံစံကို ပြောင်းလဲလိုက်မည်ဆိုလျှင် တစ်ဖက်လူက ထူးဆန်းတာ ရှာတွေ့သွားပြီး သူ့ကိုကိုင်တွယ်ဖို့ နောက်ထပ်အစီအစဉ်တစ်ခုကို စဉ်းစားလိမ့်မည်။ ထိုအခါ ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်တော့ချေ...

ဤနည်းဖြင့် ကုပိုင်သည် ဝူကျန်းကျန်း၏အကြံအစည်များကို လျှို့ဝှက်စောင့်ကြည့်ရင်း အခွင့်ကောင်းကို စောင့်ကာ နျဲ့ချင်းချန်နှင့် သူ၏ဆက်ဆံရေးကို ဆက်လက်တိုးတက်စေခဲ့သည်။

အချိန်‌ကုန်ပြီး နှစ်ပတ်ကြာပြီးနောက် ကုပိုင်သည် ပုံမှန်အတိုင်း ကျောင်းသွားတက်လေသည်။ ကျောင်းတံခါးဝကို ဝင်လိုက်သောအခါ ကျောင်းတွင် ချောမောတဲ့ ဆရာအသစ်တစ်ယောက် ရောက်လာသည်ကို သူ သိလိုက်ရသည်။

" ရုံချင်း၊ ငါ မင်းကို ပြောပြမယ်။ ငါတို့ကျောင်းမှာ ပန်းချီဆရာအသစ်တစ်ယောက် ရောက်လာတယ်ကွ။ သူက ငါတို့အတန်းကိုသင်မှာ။ မနေ့က နေ့လည် အတန်းပြီးတော့ ငါ သူ့ကို ကျောင်းအုပ်ကြီးရုံးခန်းမှာ တွေ့လိုက်တယ်။ အရမ်းချောတာပဲ! "

ပြောလာသူသည် မူလပိုင်ရှင်၏ သူငယ်ချင်း၊ အန်းထောင် ဟုခေါ်သော ကြည့်ကောင်းသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။ သူသည် ဂေးတစ်ယောက်ဖြစ်သည်။ နေ့တိုင်း ဘာမှလုပ်စရာမရှိရင် သူက ကျောင်းက ရုပ်ချောချောကောင်လေးတွေကို လိုက်ငမ်းရတာကို ကြိုက်လေသည်။

ကုပိုင်သည် ဤအရာများကို စိတ်မဝင်စားချေ။ သူလည်း လိင်တူနှစ်‌သက်ပေမယ့် သူ သေဆုံးပြီး တာဝန်ထမ်းဆောင်ရန် ဝင်လာသည်အထိ သူ ဘယ်သူ့ကိုမှ မပိုးပန်းခဲ့ဖူးသလို ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးပေ။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now