chapter~>12

1.2K 197 7
                                    


Unicode

ကုပိုင်သည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ ဘယ်တုန်းကမှ မတွေးခဲ့ချေ။ လူကောင်းတွေက အသက်မရှည်ကြသောကြောင့် ဖြစ်သည်။

သို့သော် အနည်းဆုံးတော့ သူသည် အောက်ခြေစည်းရှိသော သူတစ်ယောက်ဟု ခံစားရသည်။

သူတင် နန်လီချန်ကို အခွင့်အရေးပေးခဲ့တာမဟုတ်ဘဲ လုရုံချင်းလည်း သူ့ကို အခွင့်အရေးပေးခဲ့သည်။ သူ အကြိမ်ကြိမ် တိုက်ရိုက်အရေးယူချင်ခဲ့သော်လည်း သူ့နှလုံးသားထဲရှိ မူလပိုင်ရှင်၏ခံစားချက်အကြွင်းအကျန်များ၏ သက်ရောက်မှုကို ခံနေရသည်။

လုရုံချင်းသည် နန်လီချန် သူ့ကို နာကျင်စေခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ပေမယ့် သူ နန်လီချန်ကို ချစ်နေဆဲပင်။

နန်လီချန်သာ လက်လျော့ဖို့ ရွေးချယ်ခဲ့ရင် လုရုံချင်းက နန်လီချန်အပေါ် လက်စားချေတဲ့ သူ့အစီအစဉ်ကို စွန့်လွှတ်လိုက်လိမ့်မည်။

သို့သော် နန်လီချန် မလုပ်ခဲ့ပေ။ သူ့အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိတယ်လို့ ‌သူ ပြောခဲ့တာတောင် သူက လုရုံချင်းကို လွှတ်ပေးဖို့ မ‌ရွေးချယ်ခဲ့ချေ။

သူက နားမလည်ခဲ့ဘူး။ လုရုံချင်းက သူ့အတွက် တကယ် အများကြီးလုပ်ပေးနိုင်တယ်။ ဝူကျန်းကျန်းက သူ့အဖေအတွက် ကျောက်ကပ်အစားထိုး ရှာပေးနိုင်သလို လုရုံချင်းလည်း ရှာပေးနိုင်တယ်။ ဒါပေမယ့် ဒါကို သူက နားမလည်ခဲ့ဘူး။

ပွင့်ပွင့်လင်းလင်း ပြောရရင် သူက လုရုံချင်းကို မယုံကြည်ခဲ့ဘူး။ သူက လောင်းကြေးမထပ်ရဲဘူး။ ပိုပြီးစိတ်ချရတဲ့နည်းလမ်းဖြစ်တဲ့ လုရုံချင်းကို ဖျက်ဆီးဖို့ပဲ ရွေးချယ်ခဲ့တယ်....


သူသည် ကြမ်းပြင်ပေါ်ရှိ ကျောပိုးအိတ်ကို ကောက်လိုက်ပြီး ဇစ်ဖွင့်ကာ သူ ကြိုတင်ပြင်ဆင်ထားသည့် လက်အိတ်နှင့်ခြေအိတ်များ ထုတ်ယူလိုက်သည်။ သူက စတူဒီယိုမှာ ကျန်ခဲ့တဲ့ ခြေရာလက်ရာတွေကို အရင်ဆုံး ရှင်းလိုက်ပြီး နန်လီချန်ကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားသည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now